စစ်ကော်မရှင်အဖွဲ့ဝင်အပါအဝင် လူပုဂ္ဂိုလ် ၅၀၀ ကျော်ကို ခြစားသူတွေအဖြစ် CDF - ဟားခါးဗဟိုကောင်စီက အရေးယူမည်

စစ်ကော်မရှင်အဖွဲ့ဝင်အပါအဝင် လူပုဂ္ဂိုလ် ၅၀၀ ကျော်ကို ခြစားသူတွေအဖြစ် CDF - ဟားခါးဗဟိုကောင်စီက အရေးယူမည်

- အာဏာသိမ်းစစ်ကော်မရှင်က ခန့်အပ်ထားတဲ့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နဲ့ ဝန်ကြီးတွေ၊ ဒုတိုင်းမှူး၊ ဗျူဟာမှူးအပါအဝင် ဦးစီးအရာရှိနဲ့ အထက်ဝန်ထမ်းတွေသာမက ကုမ္ပဏီ၊ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် ၅၀၀ ကျော်ကို လူထုအကျိုးစီးပွား ခြစားဖျက်ဆီးသူတွေအဖြစ် အရေးယူတော့မယ်လို့ CDF - ဟားခါးဗဟိုကောင်စီက ကြေညာလိုက်ပါတယ်။

- ချင်းပြည်နယ်မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ထိပ်တန်းစစ်အရာရှိ ၁၀ ဦးကို တရားစွဲဆိုတိုင်ကြားတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)ကို တီမောလက်စ်တေနိုင်ငံက လက်ခံတွေ့ဆုံ၊ အားပေးကူညီတယ်ဆိုပြီး စစ်ကော်မရှင်က အပြင်းအထန် ကန့်ကွက်နေပါတယ်။

- စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဗလီကျောင်းတက်ဖို့သွားတဲ့ ချင်းလူငယ်တစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး စစ်သင်တန်းတက်ဖို့ ပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

Most read this week

July 27, 2026
-  "ဝ" တပ်ဖွဲ့ UWSA နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA တို့ဟာ ဩဂုတ်လအတွင်း နေပြည်တော်မှာ...
July 27, 2026
- မွန်ပြည်နယ်အစပ်မှာရှိတဲ့ စစ်အုပ်စုရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ထိုင်းကုန်ပစ္စည်းတွေကို...
July 26, 2026
- ကျောက်ဖြူ စစ်မျက်နှာသုံးခုကို AA က ပိတ်ဆို့တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က အကျအဆုံးများပြီး...
July 25, 2026
- မွန်မှာ စက်သုံးဆီ မပြတ်လပ်အောင် လုပ်ဆောင်ထားတယ်လို့ စွမ်းအင်ဝန်ကြီးရဲ့ ပြောဆိုချက်ဟာ...