စစ်ကော်မရှင်အဖွဲ့ဝင်အပါအဝင် လူပုဂ္ဂိုလ် ၅၀၀ ကျော်ကို ခြစားသူတွေအဖြစ် CDF - ဟားခါးဗဟိုကောင်စီက အရေးယူမည်

စစ်ကော်မရှင်အဖွဲ့ဝင်အပါအဝင် လူပုဂ္ဂိုလ် ၅၀၀ ကျော်ကို ခြစားသူတွေအဖြစ် CDF - ဟားခါးဗဟိုကောင်စီက အရေးယူမည်

- အာဏာသိမ်းစစ်ကော်မရှင်က ခန့်အပ်ထားတဲ့ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်နဲ့ ဝန်ကြီးတွေ၊ ဒုတိုင်းမှူး၊ ဗျူဟာမှူးအပါအဝင် ဦးစီးအရာရှိနဲ့ အထက်ဝန်ထမ်းတွေသာမက ကုမ္ပဏီ၊ အဖွဲ့အစည်းနဲ့ လူပုဂ္ဂိုလ် ၅၀၀ ကျော်ကို လူထုအကျိုးစီးပွား ခြစားဖျက်ဆီးသူတွေအဖြစ် အရေးယူတော့မယ်လို့ CDF - ဟားခါးဗဟိုကောင်စီက ကြေညာလိုက်ပါတယ်။

- ချင်းပြည်နယ်မှာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် ထိပ်တန်းစစ်အရာရှိ ၁၀ ဦးကို တရားစွဲဆိုတိုင်ကြားတဲ့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)ကို တီမောလက်စ်တေနိုင်ငံက လက်ခံတွေ့ဆုံ၊ အားပေးကူညီတယ်ဆိုပြီး စစ်ကော်မရှင်က အပြင်းအထန် ကန့်ကွက်နေပါတယ်။

- စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဗလီကျောင်းတက်ဖို့သွားတဲ့ ချင်းလူငယ်တစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးပြီး စစ်သင်တန်းတက်ဖို့ ပို့ဆောင်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

January 22, 2026
- ကရင်နီပြည် ဖားဆောင်းမြို့နယ် မော်ချီးဒေသမှာ အုပ်စုလိုက် ခဲခိုးယူမှုမှာ ပါဝင်တယ်လို့...
January 21, 2026
- တနိုင်းမြို့နယ် မှော်ဒေသဘက်မှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ရွှေတူးဖော်မှုလုပ်ငန်းတွေကို...
January 21, 2026
- ရွေးကောက်ပွဲအကြောင်းပြပြီး အင်အားဖြည့်ဝင်ရောက်လာတဲ့ အာဏာသိမ်းစစ်အုပ်စုက...
January 20, 2026
- တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီးတဲ့နောက် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်ကြောမှာ AA က လုံခြုံရေး...