ရွေးကောက်ပွဲ နှောင့်ယှက်မှု စွပ်စွဲချက်နဲ့ လူပေါင်း ၂၃၀ နီးပါး အမှုဖွင့်ခံရ

ရွေးကောက်ပွဲ နှောင့်ယှက်မှု စွပ်စွဲချက်နဲ့ လူပေါင်း ၂၃၀ နီးပါး အမှုဖွင့်ခံရ
Photo credit - MOI
Photo credit - MOI

နိုင်ငံတဝန်းမှာ စစ်ကော်မရှင် ပြုလုပ်မယ့် ရွေးကောက်ပွဲအား နှောင့်ယှက်ဟန့်တားမှုကြောင့် လူပေါင်း ၂၂၉ ဦးကို အမှုဖွင့်အရေးယူထားတယ်လို့ စစ်ကော်မရှင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြောပါတယ်။

ဒီဇင်ဘာ ၁၆ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီအစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲ ပျက်ပြားအောင် နည်းလမ်းအမျိုးမျိုးနဲ့ ကျူးလွန်သူတွေကို ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေအရ အမှုပေါင်း ၁၄၀ ၊ တရားခံ ၂၂၉ ဦး အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ လုံခြုံရေးအား ထိခိုက်စေနိုင်တဲ့ လှုံ့ဆော်မှုတွေ၊ ဝါဒဖြန့်မှု ကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာ အရေးယူသွားဖို့ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က တိုက်တွန်းခဲ့ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကာလ လုံခြံရေး ကျိုးပေါက်မှု မရှိစေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ ရပ်ရွာ အေးချမ်းသာယာရေးအတွက် စစ်တပ်၊ပြည်သူ့စစ်အဖွဲ့တွေအပြင် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆန္ဒပြသူတွေနဲ့ လှုံ့ဆော်သူတွေကို ထောင်ဒဏ် ဆယ်နဲ့ချီတဲ့ ပြစ်ဒဏ်တွေ ချမှတ်နေတာ ဖြစ်ပါတယ်။

June 20, 2026
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်အစိုးရက ရက် ၁၀၀ လမင်းစီမံချက်အဖြစ် နိုင်ငံသားစိစစ်ရေးကတ်နဲ့ Unique...
June 19, 2026
မွန်ပြည်နယ် ရေးမြို့နယ် အာယုတောင်ကျေးရွာ အခြေစိုက် အမှတ် ၅၈၇ ခြေမြန်တပ်ရင်းက လက်နက်တိုက်ပုံ...
June 18, 2026
မွန်ပြည်နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအဆမတန် တောင်းခံနေမှုအပေါ် အဂတိလိုက်စားမှု...
June 17, 2026
မွန်ပြည်နယ်အတွင်း တရားဝင် ခွင့်ပြုချက်ရသလို ရက်ရှည်လများ ဆောင်ရွက်နေတဲ့ လောင်းကစားဝိုင်းတွေကို...