စစ်ကော်မရှင်ပေးတဲ့ ပုဒ်မ ၅၀၅(က) လွတ်ငြိမ်းခွင့်မှာ လွိုင်ကော်အကျဥ်း‌ထောင် မပါဝင်သေး

စစ်ကော်မရှင်ပေးတဲ့ ပုဒ်မ ၅၀၅(က) လွတ်ငြိမ်းခွင့်မှာ လွိုင်ကော်အကျဥ်း‌ထောင် မပါဝင်သေး
Photo credit - CJ
Photo credit - CJ

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ ပြစ်ဒဏ်ကျခံသူတွေကို လွတ်ငြိမ်းခွင့်ပေးလိုက်ရာမှာ ကရင်နီပြည်၊ လွိုင်ကော်မြို့က အကျဉ်းသားတွေ မပါဝင်သေးဘူးလို့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး ( KPPA) က‌ ပြောပါတယ်။

စစ်ကော်မရှင်က လာမယ့်ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် အကျဉ်းထောင်အသီးသီးမှာ ပုဒ်မ ၅၀၅ (က) နဲ့ ပြစ်ဒဏ် ကျခံရသူ ၇၂၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် နဲ့ ၂၃၆၁ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တယ်လို့ မနေ့က နိုဝင်ဘာ ၂၆ ရက်နေ့မှာ အမိန့်ထုတ်ပြန်ထားတာပါ။

လွတ်ငြိမ်းခွင့်မှာ လွိုင်ကော်အကျဥ်းသားတွေ ပါဝင်သလားဆိုတာကို မေးကြည့်ရာမှာတော့ ကရင်နီ နိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) သတင်းနှင့် ပြန်ကြားရေးတာဝန်ခံရှိသူက အခုလိုပြောပါတယ်။

“မသိရသေးဘူးဗျ။ ၅၀၅ (က) ကတော့ မရှိသလောက်ပဲ။ စောင့်ကြည့်ရအုံးမယ်” လို့ သူက ပြောပါတယ်။

ပုဒ်မ ၅၀၅ (က) နဲ့ အကျဥ်းကျခံနေရတဲ့ ဒီးမော့ဆိုမြို့နယ်ထဲက အကျဥ်းသား မိသားစုဝင်တွေကို မေးကြည့်ရာမှာတော့ လွတ်မြောက်မယ့်သတင်းကို မကြားသိရသေးဘူးလို့ ပြန်လည်ဖြေကြားကြပါတယ်။

ပုဒ်မ ၅၀၅ (က) နဲ့ အကျဥ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသူ၊ အကျဉ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးမယ်လို့ လုံခြုံရေးကောင်စိက အမိန့်ထုတ်ပြန်ပြီးနောက် ဒီနေ့ နိုဝင်ဘာ ၂၇ ရက်နေ့မှာ ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့မှာတော့ အကျဉ်းကျခံရသူတွေရဲ့ မိသားစုဝင်တွေ လာရောက်စောင့်ဆိုင်းနေကြတာကိုလည်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

ပုဒ်မ ၅၀၅ (က) နဲ့ တောင်ကြီးမြို့ တောင်လေးလုံးထောင်မှာ ထောင်ဒဏ် ၅ နှစ် ကျခံနေရတဲ့ ဒီးမော့ဆိုမြို့နယ်ဒေသခံ အကျဉ်းသူ တစ်ဦးရဲ့ မိသားစုဝင်တစ်ဦးကလည်း လွတ်မြောက်မယ့်သတင်းကို မကြားရဘူးလို့ ပြောပါတယ်။

လွိုင်ကော်အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ (က) အပြင် တခြားပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၅ နှစ် ကျခံနေရတဲ့ ဒီးမော့ဆိုမြို့က အကျဉ်းသားတစ်ဦးရဲ့ မိသားစုဝင်ကတော့ အခုတစ်ခါ လွတ်ငြိမ်းခွင့်နဲ့ပတ်သတ်ပြီး အခုလိုပြောပါတယ်။

“ကိုကိုသတင်းတော့ ဘာမှ မကြားသိရသေးဘူး။ အခုလွတ်ငြိမ်းခွင့်လို့ ကြားရတော့ မျှော်မိ‌ပေမဲ့ ကိုကိုရဲ့ ပုဒ်မက များတော့ သိပ်မမျှော်လင့်ရဲပြန်ဘူးရှင်” လို့ သူက ပြောပါတယ်။

စစ်ကော်မရှင်က လွတ်လပ်စွာမဲပေးနိုင်ဖို့အတွက် ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုခံရသူ နဲ့ အဆိုပါပြစ်မှုနဲ့ ထွက်‌ပြေးတိမ်းရှောင်ပြီး ရာဇဝတ်ကျင့်ထုံးဥပဒေနဲ့ တရားစွဲဆိုခံရသူ ၅၅၈၀ ဦးကို ကြားနာစစ်ဆေးဆဲအမှုမှ ပိတ်သိမ်းတယ်လို့ အမိန့်ထုတ်ပြန်ထားပါတယ်။

(၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင် အသီးသီးက အကျဉ်းသားပေါင်း ၅၈၆၄ ဦးကို လွတ်ငြိမ်းခွင့်ပေးရာမှာလည်း လွိုင်ကော်အကျဉ်းထောင်က အကျဉ်းသားတွေမပါဝင်ခဲ့ပါဘူး။

အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...
ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...