ဆန်ပြုတ်ချက်သောက်နေရတဲ့ စစ်‌ရှောင်စခန်းနှစ်ခုကို Job For Kayah အဖွဲ့က ဆန်ထောက်ပံ့ပေး

ဆန်ပြုတ်ချက်သောက်နေရတဲ့ စစ်‌ရှောင်စခန်းနှစ်ခုကို Job For Kayah အဖွဲ့က ဆန်ထောက်ပံ့ပေး
Photo credit - CJ
Photo credit - CJ

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းက စစ်ရှောင်စခန်းနှစ်ခုက စစ်ဘေးရှောင်တွေဟာ တပတ်ကျော်ကြာအောင် ဆန်ပြတ်လက်နေတာကြောင့် ဆန်ပြုတ်ကိုသာ စားခဲ့ကြရတာကြောင့် စစ်ရှောင်အရေးကူညီဆောင်ရွက်နေတဲ့ Job For Kayah အဖွဲ့က ဆန်ရိက္ခာထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

“ဒီစခန်းနဲ့ အနီးနားကစခန်းဆို ဆန်ပြုတ်စားခဲ့ရတာ တစ်ပတ် တစ်ပတ်ကျော်လောက်ရှိပြီ။ တစ်ယောက် ပြီးတစ်ယောက် လိုက်ကြည့်ကြတယ်။ သူများဆန်ပိုတာဆို သိပ်မရှိဘူး။ တစ်ယောက်နဲ့ တစ်ယောက်ကူညီဖို့လဲ သိပ်မရှိတော့ဘူးလေ။ ဆန်ပြုတ်ပဲ နေ့တိုင်းစားရတယ်။” လို့ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးကပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်းတွေဟာ စားနပ်ရိက္ခာအတွက် အလှူရှင်တွေကိုသာ မှီခိုနေကြရပြီး လာရောက်လှူဒါန်းသူ မရှိတာ သုံးလဝန်းကျင် ရှိပြီလို့လည်း သူမက ဆက်ပြောပါတယ်။

လက်ရှိ ဒေသတွင်း စစ်ရေး၊ နိုင်ငံရေးအခြေအနေတွေအရ ကရင်နီစစ်ဘေးရှောင်တွေဟာ နေရပ်ပြန်ပြီး လယ်ယာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်လို့ မရသေးတာကြောင့် စားနပ်ရိက္ခာတွေ ပိုပြီး ခက်ခဲလာကြပါတယ်။

“အခု ဒီပြည်နယ်မှာတော့ တဖြည်းဖြည်းနဲ့ စားနပ်ရိက္ခာပိုင်း တအားခက်ခဲလာတယ်ပေါ့နော်။ ဘယ်လို ခက်ခဲလာလဲဆိုတော့ ဒီလယ်ယာတွေ စိုက်ပျိုးလို့ မရတော့တဲ့ အခြေနေပေါ့နော်။ စစ်ကောင်စီတွေ စစ်ကြောင်းထိုးလာတဲ့အတွက် လယ်ယာတောင်ယာတွေ မစိုက်နိုင်တဲ့အတွက် စစ်ရှောင်တွေအတွက် ရိက္ခာတွေ ခက်ခဲလာတယ်ပေါ့။” လို့ Job For Kayah တာဝန်ခံ က ပြောပါတယ်။

စစ်ရှောင်ရတဲ့အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ စစ်ရှောင်ရဲ့ ရိက္ခာပိုင်းကူညီပံ့ပိုးမှုတွေလဲ တဖြည်းဖြည်း လျော့နည်းလာတာကို တွေ့ရတယ်လို့လဲ သူက ဆက်ပြောပါတယ်။

အဆိုပါ စစ်ရှောင်စခန်း ၂ခုမှာ လူဦးရေ (၄၀၀)ဝန်းကျင်ခန့်ရှိပြီး ယမန်နေ့၊ အောက်တိုဘာလ (၁) ရက်နေ့မှာ Job For Kayahက ဆန် ၃၇ အိတ်ကို လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

Most read this week

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...