ဖယ်ခုံစစ်ဘေးရှောင် သုံးထောင်ကျော်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေ

ဖယ်ခုံစစ်ဘေးရှောင် သုံးထောင်ကျော်အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေ

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ကစပြီး စစ်ကော်မရှင်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO) စစ်ကြောင်းကြောင့် တိမ်းရှောင်နေရတဲ့ ဖယ်ခုံမြို့နယ်အတွင်းက စစ်ဘေးရှောင် သုံးထောင်ကျော်အတွက် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်တယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။

“ကျနော်တို့က လောလောဆယ်တော့ လူတစ်ဦးကို ဆန်ခြောက်ဘူးနှုန်းနဲ့ပဲ ကူညီပေးနိုင်သေးတယ်။ ဒါတောင်မှ အကုန်လုံးမရသေးဘူး။ လတ်တလော သူတို့ အဓိကလိုအပ်ချက်က နေရာထိုင်ခင်းကိစ္စ ဖြစ်တယ်ပေါ့နော။

နေရာထိုင်ခင်းကိစ္စရယ် ပြီးတော့မှ တကိုယ်ရေ သန့်ရှင်းမှုကိစ္စတွေ ဖြစ်တယ်။ အကုန်လုံးစုပုံပြီး နေကြတော့လေ အဲဒါ သူတို့ တဲတွေ ထိုးဆောက်နေဖို့ကလည်း အမိုးအကာတွေ နေရာထိုင်ခင်းတွေ လိုအပ်တယ်။ စားနပ်ရိက္ခာ ကအစ ပေါ့နော။ ကျန်းမာရေးကောပေါ့။” လို့ စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

စစ်ဘေးရှောင်တွေဟာ လတ်တလော စုပေါင်းနေထိုင်ကြပြီး ရေရှည်အတွက် မိသားစုလိုက် နေထိုင်ဖို့ အမိုးအကာ၊ အခြေခံစားသောက်ကုန်တွေ လိုအပ်နေတာပါ။ လတ်တလောမှာလည်း မိုးရာသီကာလဖြစ်တာကြောင့် စစ်ဘေးရှောင်တချို့ဟာ အရေပြားယားယံတာတွေ ဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။

ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာ ၅ ရွာထက်မနည်း တိမ်းရှောင်နေရပြီး လူဦးရေ သုံးထောင်ကျော် ရှိကာ လက်ရှိမှာတော့ လူဦးရေ ရဲ့ သုံးပုံတစ်ပုံကိုသာ ကူညီနိုင်သေးတယ်လို့ ဆိုပါတယ်။

“သုံးထောင်ကျော်လုံးကို အကုန်လုံး လက်လှမ်းမှီတယ် အကူညီတွေ လိုအပ်ကြတယ်။ စောင် ၊ ခြင်ထောင်တွေက ထက်ဝက်နှုန်းလိုအပ်ကြတယ်။ စားနပ်ရိက္ခာတို့ အမိုးအကာတို့လည်း ထက်ဝက်နှုန်းလိုအပ်တယ်။” လို့ အဆိုပါ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတစ်ဦးက ဆက်ပြောပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်ကော်မရှင်ပူးပေါင်းတပ်ကနေ လက်နက်ကြီး၊ ဒရုန်း မကြာခဏ ပစ်ခတ်မှု ရှိတာကြောင့် တိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင်တွေအပြင် ဒေသခံတွေဟာ စိုးရိမ်မှု ရှိနေကြပါတယ်။

တစ်ဖက်မှာလည်း စပါးနဲ့ တောင်ယာစိုက်ခင်းတွေကို မရိတ်သိမ်းနိုင်ဘဲ ချန်ရစ်ထားခဲ့ရတာကြောင့် ရေရှည် စားဝတ်နေရေးအတွက် ပူပန်မှုရှိတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

Most read this week

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...