ထပ်မံတိမ်းရှောင်နေရတဲ့ ဖယ်ခုံ စစ်ဘေးရှောင်တွေကို ကယ်ဆယ်ရေး ဆောင်ရွက်တဲ့အခါ အခက်အခဲရှိဟုဆို

ထပ်မံတိမ်းရှောင်နေရတဲ့ ဖယ်ခုံ စစ်ဘေးရှောင်တွေကို ကယ်ဆယ်ရေး ဆောင်ရွက်တဲ့အခါ အခက်အခဲရှိဟုဆို
Photo credit - Ko Yar Zar
Photo credit - Ko Yar Zar

စစ်ကော်မရှင်တပ် နဲ့ လက်အောက်ခံ ပြည်သူ့စစ် (PNO) တို့ရဲ့ ပူးပေါင်း ထိုးစစ်တွေကြောင့် ထပ်မံ ထွက်ပြေး တိမ်းရှောင်နေရတဲ့ ဖယ်ခုံမြို့နယ်အနောက်ဖက်ခြမ်းက စစ်ဘေးရှောင်တွေကို ကူညီကယ်ထုတ်ရာမှာ အခက်အခဲ၊ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

ဖယ်ခုံအနောက်ခြမ်း၊ စစ်ဘေးရှောင်စခန်းနှစ်ခုက စစ်ရှောင်တွေဟာ တခြားနေရာကို ထပ်မံတိမ်းရှောင်နေရပြီး စစ်ရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့ တွေက လက်လှမ်းမမှီတာကြောင့် ကိုယ်ထူကိုယ်ထစနစ်နဲ့ ကယ်ဆယ်ရေး လုပ်နေရတယ်လို့ စစ်ရှောင်ကူညီကယ်ထုတ်ပေးနေသူ အမျိုးသားတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“အဓိက စိန်ခေါ်မှုအခက်ခဲက ကျနော်တို့ စစ်ရှောင်တွေ ခေါ်ထုတ် ကယ်ထုတ်ဖို့ အခက်ခဲတွေရှိတယ်။ လမ်းပန်းဆက်သွယ်ရေးတွေလည်း အခက်ခဲတွေရှိတယ်။ အင်တာနက်လိုင်းတွေလည်း အမြဲတမ်း မရနေဘူးပေါ့နော်။ သယ်ယူပို့ဆောင်ရေး ကယ်ဆယ်ရေးမရှိဘူး။ ဒီဖက် ကယ်ဆယ်ရေးအဖွဲ့၊ ပရဟိတအဖွဲ့ သီးသန့်ရယ်လို့တော့ မရှိဘူးပေါ့။” လို့ စစ်ရှောင်ကူညီကယ်ထုတ်ပေးနေသူ အမျိုးသားတစ်ဦးက ဆိုပါတယ်။

အဆိုပါ စစ်ရှောင်စခန်း နှစ်ခုဟာ ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းက မိငန်းနဲ့ လွယ်လုံ စစ်ရှောင်စခန်းဖြစ်ပြီး စစ်ရှောင်စခန်းတစ်ခုမှာ စစ်ရှောင်ဦးရေ တစ်ထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။

အဲ့ဒီ စစ်ရှောင်စခန်းက စစ်ရှောင်တွေဟာ ဖယ်ခုံမြို့နယ်အတွင်းက ကျေးရွာတွေ အများစု လာရောက် တိမ်းရှောင်ကြသူတွေဖြစ်ပြီး တချို့ စစ်ရှောင်မှာ ၈ ကြိမ်မြောက်အထိ တိမ်းရှောင်နေရပြီဖြစ်သလို တချို့ စစ်ရှောင်မှာတော့ ၅ ကြိမ်မြောက် တိမ်းရှောင်ကြသူတွေဖြစ်တယ်လို့ ပြောပါတယ်။

စစ်ကော်မရှင်နဲ့ PNO တို့ ပူးပေါင်း ထိုးစစ်ဆင်မှုတွေ နီးကပ်လာတာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ စတင် တိမ်းရှောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်စခန်းမှာရှိတဲ့ စစ်ရှောင်ရဲ့ ၇၀ ရာခိုင်နှုန်းခန့်ကို ကယ်ဆယ်ရေး ဆောင်ရွက်ခဲ့ပြီး ကျန်ရှိနေသေးတဲ့ စစ်ရှောင်တွေကို ဆက်လက် ကယ်ထုတ်သွားဖို့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

ဘေးလွတ်နိုင်မယ့်နေရာတွေကို ပို့ဆောင်ပေးခဲ့တဲ့ စစ်ရှောင်တွေအတွက်လည်း အကူအညီ လိုအပ်ချက်များစွာ ရှိနေတယ်လို့ စစ်ရှောင်ကူညီသူဆီကနေ သိရပါတယ်။

August 14, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်သည် ဒေါပိုရှေ့ကျေးရွာ၌...
ဓာတ်ပုံ - ထိုင်းနိုင်ငံရှိ လုပ်ငန်းခွင်တစ်ခုသို့ ရောက်ရှိလာသည့် ကရင်နီဒုက္ခသည်များကို တွေ့ရစဉ်/Photo Credit - ณรงค์เวทย์ มหเศรษฐพงษ์ (Facebook)
August 14, 2026
ထိုင်းအစိုးရ အစီအစဉ်ဖြင့် ကရင်နီ ဒုက္ခသည်လူငယ်များ လုပ်ငန်းခွင်အသီးသီး၌ တရားဝင် အလုပ်လုပ်ကိုင်နေ...
August 13, 2026
ကရင်နီပြည် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် တစ်လကျော်ကာလအတွင်း ၆ လအရွယ် မိန်းကလေးငယ်...
August 13, 2026
စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားနေသည့်အတွက် အာဆီယံ နိုင်ငံများအနေဖြင့်...