ကျိုက်ထိုက ရွှေတွင်းတွေကို စစ်တပ်ဝင်စီးပြီး လုပ်သား ၅၀ ကျော် ဖမ်းဆီးသွား

ကျိုက်ထိုက ရွှေတွင်းတွေကို စစ်တပ်ဝင်စီးပြီး လုပ်သား ၅၀ ကျော် ဖမ်းဆီးသွား

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ငှက်ပျောတောကျေးရွာမှာရှိတဲ့ ရွှေတွင်းလုပ်ကွက် ခြောက်ခုကို စစ်တပ်က ဝင်ရောက်စီးနင်းပြီးနောက် လုပ်သား ၅၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာ ၉ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ငှက်ပျောတောကျေးရွာက ဂျစ်တူး၊ အငယ်ကောင်၊ သိန်းရွှေ၊ ဦးဖြူလေး၊ ကောင်းထက်ဇော်နာမည်ရှိ ရွှေလုပ်ကွက် ခြောက်ခုကို ဝင်ရောက်စီးနင်းခဲ့တာပါ။

အဲဒီစီးနင်းမှုအတွင်း ရွှေလုပ်သားတွေအပြင် ဘတ်ဟိုး နှစ်စီး၊ ဆိုင်ကယ် ၁၀ စီးနဲ့ လုပ်ငန်းသုံး ဆက် စပ်ပစ္စည်းတွေကို သိမ်းဆည်းသွားသလို ရွှေလုပ်သားတွေကိုတော့ ကင်မွန်းချောင်းရဲစခန်းမှာ ယာယီထိန်းသိမ်ထားတယ်လို့ စုံစမ်းသိရှိရပါတယ်။

ရွှေတွင်းတွေကို ဝင်ရောက်ဖမ်းဆီးတာဟာ ရွှေတွင်းလုပ်ငန်းရှင်တွေက စစ်ကော်မရှင်ထံ အခွန်မဆောင်ဘဲ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင်ဘက်ကို အခွန်ဆောင်ပြီး ရွှေတူးနေတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ကျိုက်ထိုမြို့နယ်နဲ့ဘီးလင်းမြို့နယ်တို့မှာ ရွှေတွင်းလုပ်ကွက်ပေါင်း ၃၀၀ ထက်မနည်းရှိပြီး စစ်ကော် မရှင်ထံ အခွန်ဆောင်တဲ့ လုပ်ကွက်ရှိသလို KNU ဘက်ကို အခွန်ဆောင်ပြီး လုပ်ကိုင်နေတဲ့ ရွှေလုပ်ကွက်တွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၃၀ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် မဲရုံးလေးနဲ့မဲရုံးကြီးကျေးရွာကြားမှာ စစ်တပ်စစ်ကြောင်းဝင်ရောက်ချိန် ရွှေတွင်းလုပ်သားနဲ့ခြံသမား ၃၀ နီးပါး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

photo credit - social media

ဓာတ်ပုံ – MPU
September 11, 2026
အာဏာသိမ်းမှုကို အရင်းခံ၍ စစ်အုပ်စုတပ် ဦးဆောင်ကျင်းပခဲ့သည့် အပိုင်းလိုက် ရွေးကောက်ပွဲမှ ပေါ်ပေါက်...
ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...