မော်ချီးဒေသကို စစ်ကောင်စီဗုံးထပ်ကြဲ၊ ထိခိုက်မှုများရှိနေ

မော်ချီးဒေသကို စစ်ကောင်စီဗုံးထပ်ကြဲ၊ ထိခိုက်မှုများရှိနေ

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၂၅ ရက်နေ့ ၊ နေ့လည် ၁၁ နာရီဝန်းကျင်အချိန်မှာ လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံတွေက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

“ကြဲသွားတဲ့နေရာက လူတွေထူထပ်တဲ့နေရာ၊ ဒေသခံတွေကော ခဲကျင်းအလုပ်လုပ်တဲ့ အလုပ်သမားတွေကော ရှိကြတဲ့နေရာ ပြီးတော့ တောင်စောင်းလိုပုံစံမျိုးနေရာမှာ နေကြတာဆိုတော့ အိမ်တွေလည်း ပြိုပျက်သွားတာရှိတယ်” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

လေယာဉ်ဗုံးကြဲခံရတဲ့ နေရာအနီးတစ်ဝိုက်မှာ နေထိုင်တဲ့ ဒေသခံတစ်ဦးကတော့ ခဲကျင်းအလုပ်သမားတစ်ဦး ဗုံးစထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားတာကို မြင်တွေ့ခဲ့ရတယ်လို့ ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

ထိခိုက်မှု နဲ့ ပျက်စီးမှု အခြေအနေအသေးစိတ်ကိုတော့ ကန္တာရဝတီတိုင်း (မ်) က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

“ဒဏ်ရာရတဲ့သူတွေကို သယ်သွားတာများတော့ ထိခိုက်မှုတွေများတယ်လို့ ပြောရမယ်။ လေယာဉ်လည်း နောက်တခါ ထပ်ဝဲနေတော့ သွားသွားလာလာ သတိထားနေကြရတယ်” လို့ နောက်ထပ် ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးမကြဲခင်မှာ ၁၅ မိနစ်ခန့် ကင်းထောက်လေယာဉ်ပျံဝဲတာကို ဒေသခံတွေက တွေ့ခဲ့တာပါ။ အဲဒီနောက်မှာ ဗုံးတစ်လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မော်ချီးဒေသကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ပြုလုပ်တဲ့ အကြိမ်ရေဟာ ယခုတစ်ကြိမ်အပါအဝင် ၆ ကြိမ် ရှိနေပြီဖြစ်ပါတယ်။

၂၀၂၅ခုနှစ်၊ မတ်လ ၇ ရက်နေ့မှာ တစ်ကြိမ်၊ ဧပြီ ၂၄ ရက်နေ့မှာ တကြိမ်၊ ဧပြီလ ၂၆ ရက်နေ့မှာ တစ်ကြိမ်၊ မေလ ၁၀ ရက်နေ့မှာ တစ်ကြိမ် ၊ မေလ ၁၃ ရက်နေ့မှာ တစ်ကြိမ်၊ ဇွန်လ ၂၅ ရက်နေ့မှာ တစ်ကြိမ် လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း အရပ်သား ၁၀ ဦးထက် မနည်း သေဆုံးပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...