ဖရူဆိုမြို့တွင်းမှာ စစ်ကောင်စီတပ်သားတွေ ကင်းရှည်ယူထားတဲ့အတွက် ဒေသခံတွေကို မြို့တွင်းသွားလာမှု ကန့်သတ်ထား

ဖရူဆိုမြို့တွင်းမှာ စစ်ကောင်စီတပ်သားတွေ ကင်းရှည်ယူထားတဲ့အတွက် ဒေသခံတွေကို မြို့တွင်းသွားလာမှု ကန့်သတ်ထား

ကရင်နီပြည်၊ ဖရူဆိုမြို့တွင်းမှာ စစ်ကောင်စီတပ်သားတွေ ယခုရက်ပိုင်းအတွင်း တပ်ပြင်ထွက်ပြီး ကင်းရှည်ယူတာတွေ ခပ်စိတ်စိတ် ရှိလာတာကြောင့် ဒေသခံတွေရဲ့ မြို့ထဲ အဝင်/အထွက် သွားလာမှုကို ကန့်သတ်ထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ မြို့တွင်း၊ မြို့ပြင် ကင်းရှည်ထွက်တာတွေ ရှိသလို ဖရူဆို မီးသတ်ရုံးအနီးအနားမှာလည်း လမ်းပိတ်ထားတာကြောင့် မိုင်းတွေထောင်ထားနိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“မြို့ထဲမှာ လူထုတွေ မရှိတော့ဘူး စကစ (စစ်ကောင်စီ) ဘက်က ရှိနေတယ်။ လူထုတွေကို ပေးမဝင်တော့တာလည်း ၂၀၂၄ ဒီဇင်ဘာလ ကတည်းက ဆိုတော့ အခုဆို ၅ လ၊ ၆ လရှိနေပြီ၊ လူနေအိမ်က စကစ မီးရှို့သွားတာ ၆ လုံးနဲ့အထက် လောက်ရှိပြီပေါ့နော ခန့်မှန်းအရပေါ့။ ခုခြေနေထိက စကစ (စစ်ကောင်စီ) ဘက်က မြို့ထဲမှာ ကင်းရှင်ထွက်ယူနေတယ်၊ ပြည်သူအိမ်တွေမှာပေါ့၊ မီးသတ်ဘက်က သူတို့ လမ်းတွေ ထွက်ပိတ်နေတယ်၊ မြို့ထဲမှာ သူတို့ ရက်တိုင်းလိုလို လှုပ်ရှားမှုရှိနေတယ်၊ မြို့ဘေးပတ်လည် မိုင်းတွေ ထွက်ထောင်နိုင်တယ်” လို့ သူက ပြောပါတယ်။

စစ်ရေးနဲ့ လုံခြုံရေးအခြေအနေအရ ဒေသခံတွေကို မြို့တွင်း အဝင်/အထွက် ပြုလုပ်ဖို့ ကန့်သတ်ထားသလို လုံခြုံရေးသတိရှိကြဖို့လည်း သူက ဆက်ပြောပါတယ်။

ဒါ့အပြင် လက်ရှိကာလဟာ စိုက်ပျိုးရာသီရောက်ရှိနေတာကြောင့် တောင်ယာလုပ်ငန်းကို အားထားလုပ်ကိုင်နေရတဲ့ ဒေသခံတွေအနေနဲ့လည်း သွားလာရေး ဂရုစိုက်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။

ဖရူဆိုမြို့တွင်းမှာ တိုက်ပွဲမဖြစ်တာ ကြာမြှင့်နေပြီဖြစ်ပေမယ့် စစ်ကောင်စီတပ်သားတွေကတော့ ကင်းလှည့်တာ၊ ကင်းထောက်တာတွေ ပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လအတွင်းမှာလည်း ဖရူဆိုမြို့တွင်းက ဒေသခံတွေရဲ့ နေအိမ် ၆ လုံးကို စစ်ကောင်စီတပ်သားတွေက မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီရဲ့ ခမရ (၅၃၁) ၊ ခမရ (၄၂၈)၊ မြို့မရဲစခန်း၊ အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်း စတဲ့ တပ်စခန်းတွေ ရှိနေပါတယ်။

March 9, 2026
ကရင်နီပြည်၊ မြေပြင်တစ်နေရာမှာ ကိန္နရီပညာရေး စင်တာကနေ ဖွင့်လှစ်ပေးမည့် သက်မွေး သင်တန်းအတွက်...
ဒီးမော့ဆိုအနောက်ခြမ်းတနေရာက ဓာတ်ဆီဆိုင်တဆိုင်ကို တွေ့ရစဉ်
March 7, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုအနောက်ဖက်ခြမ်းက ဓာတ်ဆီဆိုင်တဆိုင်မှာ ဆီမရောင်းပေးတဲ့အတွက် ဝယ်သူနှစ်ဦးက...
March 5, 2026
ရှမ်း - ကရင်နီနယ်စပ် ၊ မိုးဗြဲမြို့အနောက်ဖက်ခြမ်းမှာ မတ်လ (၃)ရက်နေ့ကစလို့ စက်သုံးဆီ...
March 4, 2026
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ စက်သုံးဆီ...