စလင်း စစ်ရှောင်တွေအတွက် ခြင်ထောင် အရေးပေါ် လိုအပ်နေ

စလင်း စစ်ရှောင်တွေအတွက် ခြင်ထောင် အရေးပေါ် လိုအပ်နေ

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ်က စစ်ရှောင်တွေအတွက် ခြင်ထောင်တွေ အရေးပေါ် လိုအပ်နေတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

လူဦးရေ ၉၀၀ ရှိတဲ့ စစ်ရှောင်တွေဟာ ခြင်ကိုက်ခံရလို့ ကျန်းမာရေးထိခိုက်မှုတွေရှိနေပြီး ခြင်ထောင်တွေ လိုအပ်နေတာပါ။

လက်ရှိ ကြုံတွေ့နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီး ပကဖ စလင်းမှ တာဝန်ရှိသူက သံလွင်တိုင်းမ်ကို အခုလိုပြောပါတယ်။

"အဓိက ခြင်ထောင်လေးတွေ အ‌ရေး‌ပေါ် လိုအပ်နေလို့ အစ်ကိုရေ။ စစ်ရှောင်ရင်း ခြင်တွေ ကိုက်ပြီး ကျန်းမာရေး ထိခိုက်နေလို့ဗျ။ သောက်ရေလည်း အခက်အခဲဖြစ်ကြတယ်"

စလင်းမြို့နယ်က နေပူကန်ရွာနဲ့ ကုက္ကိုလ်တန်းရွာက မီးဘေးသင့် စစ်ရှောင် အိမ်ထောင်စု ၁၅၇ စု၊ စုစုပေါင်း လူဦးရေ ၉၀၀ ကျော်ဟာ ပြီးခဲ့တဲ့ မတ်လအတွင်းကစပြီး စစ်ကောင်စီ စစ်ကြောင်းကြောင့် နီးစပ်ရာ ယာပြင်တွေမှာ ရှောင်တိမ်းနေရတာပါ။

ရှောင်တိမ်းနေရတဲ့ စစ်ရှောင်တွေကို တစ်အိမ်ထောင်စုကို ဆန် ၄ ပြည်နှုန်းနဲ့ ၂၉ အိတ် သွားရောက်လှူဒါန်းခဲ့တယ်လို့ မေ ၁၁ ရက်မှာ ပကဖ စလင်းက ထုတ်ပြန်ထားပါတယ်။

စလင်းမြို့နယ် နေပူကန်ရွာကို စစ်ကောင်စီက ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်နေ့မှာ မီးရှို့ခဲ့တာဖြစ်ပြီးတော့ နေပူကန်ရွာနဲ့ ကုက္ကိုလ်တန်းရွာက နေအိမ် ၁၅၇ လုံး မီးလောင်ကျွမ်း ပျက်စီးခဲ့ပါတယ်။

July 20, 2026
မွန်ပြည်အတွင်း စက်သုံးဆီများ မပြတ်လပ်စေရန် စီမံဆောင်ရွက်ထားကြောင်း စစ်အုပ်စုခန့် လျှပ်စစ်၊...
July 17, 2026
စစ်တပ်လွှမ်းမိုးမှုနှင့် ဗဟိုချုပ်ကိုင်မှုအားကြီးသည့် အာဏာရှင်စနစ်၊ အရင်းခံ...
July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...