သံဖြူဇရပ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

သံဖြူဇရပ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ကာကွယ်ရေးလုပ်ငန်းများကို ဇူလိုင်လ ဒုတိယအပတ်မှစ၍ စာသင်ကျောင်းများတွင် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများကို တစ်ပတ်လျှင် ၂ ကြိမ်ဖြင့် မြို့ပေါ် ၁၀ ရပ်ကွက်ကို ဆောင်ရွက်လျှက်ရှိပြီး ပရဟိတလူမှုရေး အသိစိတ်ရှိသူများစုပေါင်း၍ ဦးဆောင် အကောင်အထည်ဖော်ကြခြင်းဖြစ်ကြောင်း သွေးလွန်တုပ်ကွေးဂေါရာ ကာကွယ်ရေးတွင်လုပ်ငန်းတွင် ပါဝင်လှုပ်ရှားနေသည့် ဦးခိုင်စိုးက ပြောသည်။

ဦးခိုင်စိုးက “ကျနော်တို့ ဒီမှာမှ စပြီးတော့ တစ်မြို့နယ်လုံး သွေးလွန်တုတ်ကွေးရောဂါ ကျဆင်းရေး အတွက်ကို ဦးတည်ပြီး အရှိန်အဟုန်မြှင့် လှုပ်ရှားတာပဲ ဖြစ်ပါတယ်။ ကျနော်တို့ သူငယ်ချင်းတွေ စုပြီးတော့ လုပ်တယ်။ ရန်ပုံငွေကိုလည်း မိမိတို့ စေတနာရှိ တဲ့အတိုင်း ထည့်ဝင်ပြီးတော့လုပ်တယ်။ အလှူခံတာတော့မရှိဘူး။ စေတနာပါလို့ ထည့်မယ်ဆိုရင် လက်ခံပေးတယ်”ဟု ပြောသည်။

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မင်းတင်ဌေး၏ အကူအညီ အကြံအဉာဏ်များ ညွှန်ကြားချက်များကို ရယူ၍ အကောင်းအထည်ဖော် ဆောင်ရွက်လျှက်ရှိကြောင်း ၎င်းက ဆက်ပြောသည်။

သံဖြူဇရပ်မြို့ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် နိုင်အောင်ရွှေက “အခုလုပ်တာက မြို့နယ်အဆင့်ကို မရောက်သေးဘူး။ မြို့မ အဆင့်ကို အရင်လုပ်တယ်။ သံဖြူဇရပ်မြို့က အခုဆိုရင် သွေးလွန်တုပ်ကွေးဖြစ်တာ များနေတယ်။ အဲဒါကြောင့် ကျနော်တို့ ပုံမှန် တစ်လတစ်ခါလုပ်တာ မဟုတ်တော့ဘဲ အရှိန်မြှင့်ပြီးတော့ လုပ်သွားမယ်”ဟု ဆိုသည်။

ယခုလ ၁၁ ရက်နေ့တွင် သံဖြူဇရပ်မြို့ပေါ်ရှိ အထက်တန်းကျောင်းများ၊ မူလတန်းလွန်ကျောင်းများ၊ မူလတန်းကျောင်းများအပြင် ဘုန်းတော်ကြီးစာသင်ကျောင်းများအပါအဝင် စာသင်ကျောင်း ၂၀ ခန့်ကို လိုက်လံ၍ ခြင်းဆေးဖြန်းမှုတ်ပေးခဲ့ပြီး မိမိတို့ပတ်ဝန်းကျင်တွင် ပိုးလောက်လန်းများ ပေါက်ဖွားသည့် နေရာများကို ရှာဖွေနှိမ်နင်းသွားရန် တိုက်တွန်းနှိုးဆော်ခဲ့ကြသည်။

ဒေါက်တာမင်းတင်ဌေးက “လူမှုရေး ပရဟိတအဖွဲ့ကနေ အခုလို ကျန်းမာရေးဘက်ကို ဝိုင်းကူလုပ်တာ ကျနော်တို့ အရမ်းဝမ်းသာတယ်။ လူအင်အားရော၊ ငွေအားရော စိုက်ထုတ်ပြီး ခြင်းဆေးဖြန်းပြီး ထောက်ပံ့ပေးတာ သံဖြူဇရပ်မြို့နယ်အနေနဲ့ အရမ်းကို ဝမ်းသာပါတယ်”ဟု ဆိုသည်။

သံဖြူဇရပ်မြို့နယ် ကျန်းမာရေးဌာန စီမံချက်အစီအစဉ်မှာ ဗုဒ္ဓဟူးနေ့နှင့် စနေနေ့များတွင် ခြင်နှင့် ပိုးလောက်လန်း ပပျောက်ရေးအတွက် လူထုလှုပ်ရှားမှုအသွင်းနှင့် လှုပ်ရှာသွားမည်ဖြစ်ပြီး လာမည့် ရက်တွင်လည်း ဘုန်းကြီးကျောင်း စာသင်တိုက်များနှင့် စာသင်ကျောင်းများကို အဆက်မပြတ် ခြင်ဆေး ဖြန်းသွားမည်ဖြစ်ကြောင်း ဒေါက်တာမင်းတင်ဌေးက ဆက်ပြောသည်။

ဧပြီလမှ ယခုအချိန်ထိ သံဖြူဇရပ်တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုနှုန်း အရ လူဦးရေ ၃၀ဝ နီးပါးအနက် တစ်ဦးသေးဆုံးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အများဆုံးမှာ မော်လမြိုင်မြို့နယ်၊ ပေါင်မြို့နယ် နှင့် ရေးမြိုကနယ် တို့ဖြစ်ပြီး၊ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြစ်ပွားနှုန်းတွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွား မှုအများဆုံးစာရင်းတွင် ပါဝင်နေကြောင်း သိရသည်။

ပုံ – ပေးပို့
January 26, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၏  မြို့နယ်လုံးဆိုင်ရာ မွန်အမျိုးသားနေ့အခမ်းအနားကို...
January 24, 2026
ထိုင်းနိုင်ငံတစ်ဝှမ်းရှိ မြန်မာအပါအဝင် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများကို ထိုင်းအစိုးရက...
မော်လမြိုင် မြို့ပေါ်ရှိ ဘိုးဘွားရိပ်သာများဟု တုပထားသည့် အကောင့်အတုများ
January 23, 2026
လူမှုကွန်ရက်စာမျက်နှာ(Facebook) မှတစ်ဆင့် မိဘမဲ့ဂေဟာ၊ ဘိုဘွားရိပ်သာ၊ လူမှုကူညီရေးအသင်းများနှင့်...
January 22, 2026
ကရင်နီပြည်နယ်၊ မယ်စဲ့မြို့နယ်ရှိ အကျဉ်းထောင်မှ ထွက်ပြေးသွားသော စစ်ကော်မရှင်တပ်သား...