ကျိုက်မရောအကျဉ်းထောင်မှာ နိုင်ကျဉ်းတွေထံ ဆေးဝါးပေးပို့ခွင့်ကန့်သတ်ခံရ

ကျိုက်မရောအကျဉ်းထောင်မှာ နိုင်ကျဉ်းတွေထံ ဆေးဝါးပေးပို့ခွင့်ကန့်သတ်ခံရ
ဓာတ်ပုံ-Social Media
ဓာတ်ပုံ-Social Media

မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်ထဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ရာသီအကူအပြောင်းကြောင့် နိုင်ငံ ရေး အကျဉ်းသားတွေ ဖျားနာနေကြပေမယ့် နိုင်ငံခြားဆေးဝါးပေးပို့ခွင့် ကန့်သတ်ခံထားရတယ်လို့ နိုင်ငံရေး အကျဉ်းသား မိသားစုဝင်နဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ ရာသီအကူအပြောင်းကြောင့် ဖျားနာတာ၊ နှာစေးတာ၊ ချောင်းဆိုးတာ၊ အပူ အကျိတ်ပေါက်တာတွေနဲ့ မသန့်ရှင်းတဲ့ရေတွေကိုပဲ အသုံးပြုနေရတဲ့အတွက် ယားနာရောဂါတွေ အစုလိုက်အပြုံ အလိုက် ဖြစ်ပွားတာတွေ ရှိနေပါတယ်။

ရောဂါဖြစ်ပွားနေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေက နိုင်ငံခြားဆေးဝါးပေးပို့တဲ့နေရာမှာ စစ် ကောင်စီ လက်အောက်ခံ အကျဉ်းထောင်ဝန်ထမ်းတွေက ပေးပို့ခွင့်ကန့်သတ်ထားသလို မြန်မာဆေးဝါးတွေ ကိုသာ အကန့်အသတ်နဲ့ လက်ခံနေတာပါ။

“ပြင်ပကနေ အင်္ဂလိပ်ဆေး လှူဒါန်းခွင့်လည်း ပိတ်ထားတယ်။ ဒီတော့မိသားစုတွေကို မြန်မာဆေးမှာရတယ်။ မြန်မာဆေးကလည်း ဖန်ပုလင်းနဲ့ဆိုရင်မရဘူး။ ကော်ဗူးနဲ့ ပြောင်းထည့်ပေးရတယ်။ ကော်ဗူးနဲ့ မူရင်းထုတ်တဲ့ ဆေးတွေဆိုရင်တော့ သူက (၂) ဗူး ခွင့်ပြုတာပေါ့။ အနည်းအကျဉ်းဖြစ်ရင် တစ်ယောက်ကိုတစ်ယောက် အိမ်က ပို့ထားတဲ့ မြန်မာဆေးဗူးတွေထည့်ကြ။ သောက်ဆေးဆိုလည်း မြန် မာဆေးလေးတွေ သောက်ကြပေါ့။ အဲဒီလို မျိုးနဲ့ပဲ သွားနေရတာပေါ့။ ထိထိမိမိနဲ့ ထဲထဲဝင်ဝင် ဆေး ဝါးကုသမှုဆိုတာ အကျဉ်းဦးစီးမှာ အကျဉ်းထောင်မှာ မရှိပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် တခြားနာတာရှည် ရောဂါသည်တွေဖြစ်တဲ့ ဆီးချိုနဲ့သွေးတိုးသမားတွေကလည်း ရေရှည်သောက်သုံးရ မယ့် နိုင်ငံခြားဆေးဝါးတွေမရတဲ့အတွက် အခက်ကြုံနေရသလို ရောဂါဖြစ်လို့သွားပြောရင် ထောင်အာဏာပိုင် တွေက ပါရာစီတမောနဲ့ ဘာမီတွန်ကိုသာ ပေးဆောင်နေတယ်လို့ သူကဆက်ပြောပါတယ်။

အကျဉ်းထောင်လက်စွဲ ဥပဒေ အခန်း (၈) ပုဒ်မ ၃၇၊ ၃၈၊ ၃၉ အရ အကျဉ်းသားတွေဟာ ထိုက်သင့်တဲ့ ကျန်းမာ ရေး စောင့်ရှောက်မှုတွေကို မဖြစ်မနေ ဆောင်ရွက်ပေးရမယ်လို့ ပြဌာန်ထားပေမယ့် စစ်ကောင်စီ လက်ထက်မှာ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝနီးပါးဆုံးရှုံးနေတာ ဖြစ်ပါတယ်။

အကျဉ်းထောင်ထဲမှာ ထောင်တွင်းဆေးရုံရှိပေမယ့် ထောင်ဆရာဝန်တွေ လာရောက်တာ မရှိသလောက် နည်း ပါးနေတာကြောင့် အကျဉ်းသားတွေဟာ ကျန်းမာရေး မကောင်းပါက ကိုယ့်အချင်းချင်းမှာရှိတဲ့ ဆေးဝါးတွေနဲ့ ပြန်လည် ကုသပေးနေရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

ပြီးခဲ့တဲ့လတွေကစပြီး အစားအသောက် ပို့ဆောင်ခွင့် ကန့်သတ်ခံနေရတဲ့ နိုင်ငံအကျဉ်းသားတွေဟာ အခုအခါမှာ တော့ ဆေးဝါးပေးပို့ခွင့်ပါ ထပ်မံကန့်သတ်ခံရတာကြောင့် ထောင်တွင်းကျန်းမာရေးဆိုးရွားလာမှာကို မိသားစုဝင် တွေ စိုးရိမ်နေကြပါတယ်။

ကျန်းမာရေး စောင့်ရှောက်ခွင့် မရတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဈေးမသွယ် အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ယောက် သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားအရေး ကူညီ ဆောင်ရွက်နေသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

July 6, 2026
စစ်တပ်က အပြည့်အဝ ထိန်းချုပ်ထားသည့် မွန်ပြည်၊ မော်လမြိုင်မြို့တွင် အများပြည်သူအတွက်...
July 4, 2026
မဲမသမာမှု အကြောင်းပြချက်ဖြင့် စစ်တပ်က နိုင်ငံ့အာဏာကို ၅ နှစ်ကြာ သိမ်းယူခဲ့ပြီးနောက် အပိုင်းလိုက်...
ဓာတ်ပုံ - HOS
July 3, 2026
စစ်တပ်အသွင်ပြောင်း အစိုးရ၏ ရက်ပေါင်း ၁၀၀ စီမံချက်ပါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍...
July 2, 2026
မွန်ပြည်နယ် သထုံမြို့အပြင် ဝင်းစိန်ကျေးရွာကနေ အာဏာသိမ်း စစ်တပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ကိုးဦးဟာ...