ဒေါ့ဖုန်းယန်ရောက် စစ်ရှောင်ပြည်သူများ သွားလာရေး ကန့်သတ်ခံထားရ၊ အကူအညီများ လိုအပ်နေ

ဒေါ့ဖုန်းယန်ရောက် စစ်ရှောင်ပြည်သူများ သွားလာရေး ကန့်သတ်ခံထားရ၊ အကူအညီများ လိုအပ်နေ
ဓါတ်ပုံ - လက်ရှိ ဒေါ့ဖုန်းယန်မှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူများ
ဓါတ်ပုံ - လက်ရှိ ဒေါ့ဖုန်းယန်မှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူများ

ကချင်ပြည်နယ်၊ မြစ်ကြီးနား - ဗန်းမော်လမ်းမကြီး တစ်လျှောက်တွင် တိုက်ပွဲပြင်းထန်ခဲ့ခြင်းကြောင့် ဒေါ့ဖုန်း ယန်တွင် ထွက်ပြေးတိမ်းရှောင်နေသည့် ကျေးရွာ ၄ ရွာက စစ်ရှောင်ပြည်သူများ နေရပ်ပြန်ကာ တောင်ယာ လုပ်ငန်းများ သွားရောက် လုပ်ကိုင်လိုသော်လည်း သွားလာရေး ကန့်သတ်ခံထားရသည်။

ဒေါ့ဖုန်းယန်အထက်ရှိ ဒင်ဂါ၊ နောင်ဝမ့်၊ ခလားနှင့် တိန်ဂျန် စသည့် ကျေးရွာနေ စစ်ရှောင်ပြည်သူများက ၎င်းတို့ ၏ တောင်ယာ လုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်နိုင်ရေး လက်နက်ကိုင် ၂ ဖွဲ့လုံးက သွားလာခွင့်ပိတ်ထား သည်ဟု စစ်ရှောင်များကို ကူညီပေးနေသည့် ဒေါ့ဖုန်းယန်ဒေသခံတစ်ဦးက KNG ကိုပြောသည်။

“အခုသူတို့ရဲ့ အခက်အခဲက ရွာမှာ သူတို့လုပ်ထားတဲ့ တောင်ယာလုပ်ငန်းတွေကို သွားရောက် လုပ်ကိုင်ချင်ကြ တယ်။ အမှန်တော့ ဒီစစ်ရှောင်တွေက ဗန်မော်ဘက်ကို ရှောင်လို့ ရတာဟုတ်တယ်။ ဒါပေမယ့် သူတို့လုပ်ထားတဲ့ တောင်ယာလုပ်ငန်းတွေကို ပြန်ကြည့်ချင်ကြလို့ ဒေါ့ဖုန်းယန်မှာပဲ နေနေကြတာတယ်။ စစ်တပ်ကနေ ဂိတ်တား ထားတာမျိုးတော့ မရှိဘူး။ ဒါပေမယ့် မလိုအပ်ပဲနဲ့ မသွားဖို့ နှစ်ဖက်စစ်တပ်က ပြောထားတာ ဟုတ်တယ်။”

လက်ရှိ ကျေးရွာ ၄ ထဲက ဒင်ဂါနှင့် ခလား ကျေးရွာ ၂ ရွာမှာ  ကျေးရွာထဲကို ဝင်ခွင့်မရှိသည့်အပြင် သွားလာခွင့်ပါ ပိတ်ဆို့ခံထားရသည့်အတွက် စစ်ရှောင်များနေရပ်ပြန်ပြီး လယ်ယာလုပ်ငန်းများ သွားရောက်လုပ်ကိုင်ရန် အခက် ကြုံနေကြရသည်။

စစ်ရှောင်ပြည်သူများသည် ၎င်းတို့၏ စားဝတ်နေရေးအတွက် နှစ်စဉ်တောင်ယာလုပ်ငန်းကိုသာ အဓိက လုပ်ကိုင် ကြပြီး တိုက်ပွဲကြောင့် စွန်ခွာထားခဲ့ရသည့် တောင်ယာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်မရသောကြောင့် လာ မည့်နှစ်များတွင် စားနပ်ရိက္ခာ ပိုမိုကျပ်တည်းလာနိုင်သည်ဟု စစ်ရှောင်များ က ပြောသည်။

ထို့အပြင် စစ်ရှောင်မှာ စစ်ဘေးရှောင်ကာလ တစ်လကျော်ခန့်သာ ရှိသေးသော်လည်း လက်ရှိအခြေအနေ၌ပင် စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းအတွက် အခက်အခဲများ စတင်ကြုံတွေ့ နေရပြီဟု ဒေါ့ဖုန်းယန် KBC ဘုရား ကျောင်းဝင်းထဲ တိမ်းရှောင်လာသူ ဒင်ဂါစစ်ရှောင်တစ်ဦးက ပြောသည်။

“အခက်ခဲဆုံးကတော့ အစားသောက်ပေါ့လေ။ အဲ့ထဲမှာ ဆန်ကတော့ အဓိကလိုတယ်။ ပြီးရင် နေဖို့ထိုင်ဖို့ အခက် အခဲဖြစ်တယ်။ အားလုံးက ဖြစ်သလို တမံသလင်းမှာ အခင်းခင်းပြီး အိပ်ကြသေးတာ။ တချို့ သက်ကြီးရွယ်အို တွေ အတွက်တော့ ကြာလာရင် အဆင်မပြေဘူး။ အဆောက်အအုံတွေကကြတော့ စစ်ရှောင်တဲ့ကာလ ၃ လ လောက်ကြာသွားမှ အဆောက်အအုံတွေ ဆောက်ပေးကြတာလို့ ပြောတယ်။ အဲ့ကြောင့် လောလောဆယ်က အစားအသောက်နဲ့ နေရာအခက်အခဲပေါ့လေ။”

ပြီးခဲ့သည့် ဇွန်လခန့်မှ စတင်၍ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဒင်ဂါနှင့် ခလားစသည့် ကျေးရွာအနီးတဝိုက်မှာ တိုက်ပွဲဖြစ်ပွားမှု အများဆုံး ဒေသဖြစ်သည်။

လတ်တလောတွင် နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာမှုရှိနေဆဲ ဖြစ်ပြီး စစ်ကောင်စီ၏ ခလရ ၁၄၂ တပ်ရင်းကနေ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ရံဖန်ရခါ ရှိနေသေး သည်ဟု ဆိုကြသည်။ စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများအပြင် စစ်ကြောင်းဝင်ရောက်လာတိုင်း လူသားဒိုင်း အသုံးပြုခံရမှုများ ကြုံတွေ့လာရသောကြောင့် လုံခြုံရေးအတွက် စိုးရိမ်ကာ နေရပ်စွန့်ခွာခဲ့ကြ ခြင်း ဖြစ်သည်။

ထို့သို့သော အခြေအနေများကြောင့် စစ်တပ်နှင့် မလှမ်းမကမ်းတွင် ရှိကြသည့် ဒင်ဂါ၊ ခလား၊ နောင်ဝမ့်နှင့် တိမ် ဂျန် စသည့် ကျေးရွာနေ ပြည်သူများမှာ စစ်ဘေးရှောင်လာကြခြင်း ဖြစ်သည်။ ဒေါ့ဖုန်းယန်ကျေးရွာရှိ ဘာသာ ရေးကျောင်းများထဲတွင် အဆိုပါ ကျေးရွာ ၄ ရွာက စစ်ရှောင်အိမ်ထောင်စု ၁၈၃ စု စစ်ရှောင်ရောက်ရှိနေခြင်း ဖြစ်သည်။

April 25, 2026
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့တွင် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လျှပ်စစ်မီးပြတ်တောက်မှုနှင့်...
ဓါတ်ပုံ - PPNM
April 24, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး...
April 23, 2026
ထီးချိုင့်မြို့ကို ပြန်လည်ထိန်းချုပ်ထားသည့် စစ်တပ်သည် ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ ဘက်သို့...
Photo-KnIC (ပုံဟောင်း)
April 22, 2026
စစ်တပ်ကို နိုင်ငံရေးမှာ ဝင်ရောက်စွတ်ဖက်ခွင့်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နှင့် NCA...