သံလွင်တံတား ဖောက်ခွဲခံရမှု ဘုရားဖူးသူများကို တိုက်ခိုက်ခြင်းဟု စစ်ကောင်စီလော်ဘီများ သတင်းအမှားဖြန့်

သံလွင်တံတား ဖောက်ခွဲခံရမှု ဘုရားဖူးသူများကို တိုက်ခိုက်ခြင်းဟု စစ်ကောင်စီလော်ဘီများ သတင်းအမှားဖြန့်

စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “ သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည် စစ်ခေါင်းဆောင်၏ နေပြည်တော်ရှိဘုရားဖွင့်ပွဲသို့ လာသည့် သာသနာ့နွယ်ဝင်များကို ဗုံးခွဲတိုက်ခိုက်ခြင်း ဖြစ်“ ဆိုတဲ့ ဘာသာရေးလှုံ့ဆော်မှုများဖြင့် ဖြန့်ချိနေတဲ့ ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို ဇူလိုင်လ (၃၀နဲ့၃၁) ရက်နေ့မှာ စစ်တပ်ပိုင် DGF21NEWS နဲ့Ba nyunt , Han Nyein Oo တယ်လီဂရမ်ချန်နယ်နဲ့ We Love Myanmar,မျိုးချစ်စတဲ့အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူ အကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ် က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရ ပါတယ်။

ဖြစ်စဉ်အမှန်ကတော့ သံလွင်တံတားစစ်ဆေးရေးဂိတ်သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားတဲ့ ဂိတ်တစ်ခု ဖြစ်ပြီး နေ့စဉ်ဖြတ်သန်းသွားလာနေတဲ့  ခရီးသွားပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးခြင်း၊ ငွေတောင်းခံခြင်း၊ ခရီးသွားကားများအား ခြိမ်းခြောက်၍ ခရီးသွားကြန့်ကြာအောင်ပြုလုပ်ခြင်း၊ မှတ်ပုံတင်တွေ သိမ်းဆည်းငွေညှစ် ခြင်း၊ ခရီးသွားပြည်သူတွေကို PDF တွေလို့ စွပ်စွဲကာဖမ်းဆီးခြင်းစတဲ့ နာမည်ဆိုးနှင့်ကျော်ကြားနေတဲ့ စစ်ဆေး ရေးဂိတ်လည်း ဖြစ်ပါတယ်။

စစ်ဆေးရေးဂိတ်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်ရင်းများ၊ ရဲတပ်ဖွဲ့များနှင့် Non CDM လဝက ဝန်ထမ်းများဖြင့် အခိုင်အမာတပ်စွဲထားသည့်နေရာဖြစ်တဲ့အတွက် တော် လှန်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ် တယ်လို့ ဘားအံ- GUERILLA FORCE မြို့ပြ စစ် ဆင်ရေးအဖွဲ့နဲ့ လွတ်လပ်သောသတင်းဌာနတွေရဲ့ သတင်းထုတ် ပြန်ချက်အရ စိစစ်တွေ့ရှိရပါတယ်။

စစ်ကောင်စီနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေပြောဆိုချက်အရတော့ အခုဖြစ်စဉ်မှာ စစ်ကောင် စီတပ်ဖွဲ့ဝင် ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အရပ်သား ၁ ဦးသေဆုံး၊ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ BBC သတင်းမှာ ဖော်ပြထားတာ ကို တွေ့ရှိရပါတယ်။

သံလွင်တံတား (ဘားအံ)ကို တိုက်ခိုက်ခြင်းသည် သာသနာ့နွယ်ဝင်များကို ဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်ပြီး ဘာသာရေး လှုံ့ဆော်မှုများဖြင့် စစ်တပ်ထောက်ခံသူ ချန်နယ်များက ဖြန့်ဝေနေတဲ့ အကြောင်းအရာသည် ထိရှလွယ်သော လူမျိုးစုတွေအကြား ပဋိပက္ခကို ဖြစ်စေအောင် လှုံဆော်ရေးသားတဲ့ ဘာသာရေး လှုံဆော်မှု၊ ဝါဒဖြန့်မှုသာ ဖြစ် ကြောင်း စိစစ်တွေ့ရှိရပါတယ်။

ဘားအံ- GUERILLA FORCE မြို့ပြ စစ်ဆင်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်လင့် https://shorturl.at/ciW79၊ BBC သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့် https://shorturl.at/mpwIJ၊ Myanmar now သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့် https://shorturl.at/qrzP5 တွေမှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “သံလွင်တံတား (ဘားအံ) စစ်ဆေးရေးဂိတ် ပေါက်ကွဲမှုဖြစ်စဉ်သည် စစ်ခေါင်းဆောင်၏ နေပြည်တော်ရှိ ဘုရားဖွင့်ပွဲသို့လာသည့် သာသနာ့ နွယ်ဝင်များကို ဗုံးခွဲတိုက်ခိုက်ခြင်းဖြစ်” ဟု ဖြန့်ချိနေတဲ့ဓာတ်ပုံပါ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေ ဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက် ရပါတယ်။

Most read this week

May 3, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ အေးသန္တာအထူးကုဆေးရုံမှာ CDM ဝန်ထမ်းတွေ ခန့်ထားတယ်ဆိုတဲ့...
May 1, 2024
တည်ငြိမ်အေးချမ်းမှုရှိပြီးဖြစ်တဲ့ မြို့ရွာ‌တွေအတွင်း တော်လှန်ရေးအဖွဲ့တွေ စိမ့်ဝင်ခိုအောင်းမှု...
April 29, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်မှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက စစ်မှုထမ်းဖို့အတွက်...
April 26, 2024
လူမြင်ကွင်းကနေ သုံးပတ်ကျော်ကြာ ပျောက်ကွယ်နေတဲ့ အာဏာသိမ်း ဒုတိယစစ်ခေါင်းဆောင်လည်းဖြစ်တဲ့...