လက်ပစ်ဗုံးဆော့သည့် လူငယ်လေး သေဆုံး

လက်ပစ်ဗုံးဆော့သည့် လူငယ်လေး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် လက်ပစ်ဗုံးဆော့ကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူငယ်တစ်ဦး သေဆုံးခဲ့ သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်၊ ချောင်းဆာကျေးရွာအုပ်စု ပန်ကိုင်းကျေးရွာတွင် အသက် ၁၈ နှစ်အရွယ် လူငယ် ၁ ဦးသည် နွားသွားကျောင်းရင်း လက်ပစ်ဗုံး တစ်လုံး တွေ့ရှိပြီး ကောက်ယူ ဆော့ကစားရာကနေ ပေါက် ကွဲမှုဖြစ်ပွားခဲ့သည့်အတွက်  ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံများ က ပြောသည်။

ဩဂုတ်လ ၂ ရက်နေ့ နေ့လည် ၃ နာရီက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အခြေအနေနှင့် ပတ် သက်၍  ပန်ကိုင်ကျေးရွာခံ အမျိုးသားတစ်ဦးက ယခုကဲ့သို့ ပြောသည်။

၎င်းက “လက်ပစ်ဗုံးက စစ်လက်နက်ကျန်ပစ္စည်းတွေပါ။ သူက နွားကျောင်းရင်း အဲဒီလက်ပစ်ဗုံးကို ကောက်မိ တယ်။ ကောက်ပြီးတော့ သူလည်းလက်ပစ်ဗုံးဖြစ်မှန်း မသိလို့ထင်တယ် ဆော့က စားမိရာကနေ ပေါက်ကွဲသွား တယ်။ သူကတော့ အဲမှာပဲ ပွဲချင်းပြီးဆုံးသွားတယ်” ဟု ပြောသည်။

ပေါက်ကွဲမှုကြောင့် သေဆုံးသွားသူမှာ မိုင်းအလှ ဆိုသူဖြစ်သည်ဟု ပန်ကိုင်ဒေသခံများက ပြောသည်။

မိုင်းအလှသည် တန့်ယန်းမြို့နယ် လွယ်ဆိုင်ကျေးရွာက ရွာသားတစ်ဦးဖြစ်ပြီး နမ္မတူမြို့နယ် ပန်ကိုင်ကျေးရွာတွင် နွားကျောင်းသည့်အလုပ်ကို လာရောက်လုပ်ကိုနေသည်မှာ ၃ လခန့်သာ ရှိသေးသည်ဟု ဆိုသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြားတွင် ဖြစ်ပွားခဲ့ သည့် တိုက်ပွဲများအတွင်း ကျန်ရှိခဲ့သည့် စက်လက်ကျန် ပစ္စည်းများကို ဒေသခံများက တွေ့ရှိကောက်ယူ သိမ်း ဆည်းရာကနေ ပေါက်ကွဲမှု များ မကြာခဏ ဖြစ်ပွားခဲ့သည်။

အချို့က ကောက်ယူဆော့ ကစားရာကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သလို့ အချို့က တွေ့ရှိပြီး အိမ်သို့ ပြန်ယူလာ သည့်အခါတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ပန်ကိုင်ဒေသခံ အမျိုးသားတစ်ဦးက “ကျေးရွာမှာက မိုင်းအသိပညာလာရောက်ပေးတာတွေ ရှိပါတယ်။ NGO အဖွဲ့ရယ်၊ တခြားအဖွဲ့အစည်းတွေ လာရောက်ပေးပါတယ်။ ကျေးရွာမှာက အခုလိုမျိုး လက်ပစ်ဗုံးထိတာလည်း ဒါပထမ ဦးဆုံးလို့ ပြောလို့ ရပါတယ်” ဟု ပြောသည်။

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ကလည်း နမ္မတူမြို့နယ် ဘော်တွင်းကျေးရွာအုပ်စု  ဆိုင်ကောင်းကျေးရွာက ဒေသခံ အမျိုး သားတစ်ဦးသည် ခြုံရှင်းရင်း မပေါက်ကွဲသေးသည့် မြေမြုပ်မိုင်းကို ပေါက်တူးနှင့် ပေါက်မိရာက ပေါက် ကွဲမှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သေးသည်။

နမ္မတူမြို့နယ် ချောင်းဆာအုပ်စုသည် ပြီးခဲတဲ့ ၂၀၂၁-၂၀၂၂ ခုနှစ်က ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ  (RCSS) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ အကြား တိုက်ပွဲပြင်းထန်းစွာ ဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်။

July 2, 2026
ရှမ်းပြည်၏ မြို့တော်၊ တောင်ကြီးရှိ အောင်မြေသစ် အထက်တန်းကျောင်းတွင် တက်ရောက်နေသည့် Grade 12...
July 1, 2026
ဧရာဝတီတိုင်း၊ ရေကြည်နှင့် ပုသိမ်အခြေစိုက် တပ်ရင်းများမှ ထုတ်နုတ်အင်အားများဖြင့် ရခိုင်ပြည်၊...
June 30, 2026
ရခိုင်ပြည် အတွင်းရှိ ဆေးရုံ၊ ဆေးခန်းများကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးနေသော...
June 29, 2026
ရခိုင်ပြည်အတွင်းမှ တိုက်ပွဲများ ဧရာဝတီတိုင်းဘက်သို့ နီးကပ်လာပြီး အာရက္ခတပ်တော် (AA) ၏ စစ်မျက်နှာ...