သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေ ရိုက်နှက်တိုက်ပိတ်ခံရ

သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေ ရိုက်နှက်တိုက်ပိတ်ခံရ

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ (၁၅) ဦးကို အာဇာနည်နေ့ အထိမ်းအမှတ် ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ရိုက်နှက်နှိပ်စက်ပြီး တိုက်ပိတ်ထားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသူ (၁၅) ဦးဟာ အာဇာနည်နေ့ အထိမ်းအမှတ် အနက်ရောင်ဖဲကြိုးပြားကို ရင်ဘတ်မှာ ချိတ်ဆွဲခဲ့ တယ်ဆိုတဲ့ စွဲချက်နဲ့ ရိုက်နှက်နှိပ်စက်ပြီး တိုက်ပိတ်ခံထားရတာပါ။

တိုက်ပိတ်ခံခဲ့ရတဲ့ အကျဉ်းသူတွေဟာ နိုင်ငံရေးပုဒ်မတွေနဲ့ ထောင်ဒဏ်သုံးနှစ်ကနေ တစ်သက် တစ်ကျွန်းအထိ ချမှတ်ခံထားရသူတွေဖြစ်ပြီး အသက်(၁၈) နှစ်ကနေ အသက်(၆၀) ကျော်အရွယ်တွေအထိ ပါဝင်တယ်လို့ ဆို တယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက်ရဲ့ တာဝန်ရှိသူတစ်ဦးက “ကျွန်တော်တို့သိရတာ ပြန် လည် လွတ်မြောက်လာတဲ့ သူတွေဆီကပါ။ တချို့လည်း ရိုက်နှက်နှိပ် စက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ အဲဒီမှာ ဒေါ်ရီရီဆွေဆိုတာ အသက်က (၆၀) ကျော်ပြီဗျ။ အာဇာနည် နေ့တည်းက တိုက်ပိတ်ခံထားရတာ” လို့ သံလွင် တိုင်းမ် ကို ပြောပါတယ်။

ဒါ့အပြင် တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသူတွေဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ အပြင် အကြမ်းဖက် ဖောက်ခွဲရေး ပုဒ်မတွေနဲ့ တရားစွဲခံထားရသူတွေဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကာလတည်းက ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ထားတဲ့အတွက် လက်ရှိ အချိန်မှာ အကျဉ်း သားတွေကို ထောင်ဝင်စာတွေ့ခွင့်ကန့်သတ်ထား တာဖြစ်ပါတယ်။

သာယာဝတီထောင်မှာ တိုက်ပိတ်ခံထားရတဲ့ အကျဉ်းသူတွေဟာ မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ၊ မနီလာစိမ်း၊ မဆုရည်ပိုင်၊ မဝတ်ရည်လွင်၊ မအေးသီတာကျော်၊ မရီရီဆွေ၊ မလွင်လွင်ညွန့်(ခ) အားဂျာ၊ မစန္ဒီညွန့်ဝင်း၊ မအေး သက်စံ၊ မရွှေရည်ညွန့်(ခ)သဲသဲ၊ မယမင်းထက်၊ မထူးထက်ထက်ဝေ၊ မမျိုးသန္တာထွန်းနဲ့ မမိုးမြတ်သဇင်တို့ ဖြစ် တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်ထားပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ရဲ့ စာရင်းအရ နိုင်ငံတဝန်းမှာ ဆက်လက် ထိန်းသိမ်းခံနေရဆဲ နိုင်ငံရေးအကျဉ်းသား ၂၀,၀၀၀ နီးပါး ရှိတယ်လို့ ဩဂုတ်လ(၁) ရက်နေ့မှာ ထုတ်ပြန်ထား ပါတယ်။

Most read this week

August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 4, 2026
မွန်ပြည်တွင် စစ်တပ်က ကျားဖြန့်လုပ်ငန်းများမှ သိမ်းဆည်းထားသည့် လူအသုံးအဆောင် ပစ္စည်းများကို...
August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...