၂၀၁၀ ခုနှစ် အတွက် အကယ်ဒမီဆု ချီးမြှင့် ပေးအပ်

၂၀၁၀ ခုနှစ် အတွက် အကယ်ဒမီဆု ချီးမြှင့် ပေးအပ်
by -
နိရဥ္စရာ

၂၀၁၀-ခုနှစ်အတွက် မြန်မာ ရုပ်ရှင် အကယ်ဒမီ ဆုချီးမြှင့်ပွဲကို နေပြည်တော်၌ ဖေဖေါ်ဝါရီ ရ ရက်နေ့က ကျင်းပရာ အမျိုးသား ဇာတ်ဆောင်ဆုကို ရုပ်ရှင်မင်းသား ကိုပြေတီဦးက ရရှိပြီး အမျိုးသမီးဇတ်ဆောင် ဆုကို မသက်မွန်မြင့်တို့က ဆွတ်ခူး ရရှိသွားခဲ့သည်။

Myanmar-Celebrate-Acadami
အဆိုပါဆုချီးမြှင့်ပွဲ အခမ်းအနားကို နေပြည်တော်ရှိ လေဟာပြင် ကဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

" အာဒမ်ရယ် ဧဝရယ် ဒဿရယ်" ဇာတ်ကားဖြင့် အမျိုးသား ဇတ်ဆောင်ဆုကို ပြေတီဦးနှင့် အမျိုးသမီး ဇာတ်ဆောင် ဆုကို သက်မွန်မြင့်တို့က ဆွတ်ခူး ရရှိသွားခြင်း ဖြစ်သည်။

" ပင်လယ်ထက်က နေဝန်းနီ" ဇာတ်ညွှန်းဆုကို ခင်မောင်ဦးနှင့် စိုးသိန်းထွဋ်တို့ကရရှိပြီး ရုပ်ရှင်တေးဖြတ် ဆုကို ဦးမြင့်ခိုင်က ရရှိသည်။

အမျိုးသား ဇတ်ပို့ဆုကို ဝေကျဋ္ဌုကျော်၊ ရုပ်ရှင်ဓါတ်ပုံဆုကို ပန်းချီစိုးမိုး၊ ဒါရိုက်တာဆုကို ခင်မောင်ဦးနှင့် စိုးသိန်းထွဋ်၊ အငိုမျက်လုံး အပြံုးမျက်နှာ နောက်ခံတေး ဂီတဆုကို မြန်မာပြည် ကျောက်စိမ်း၊ အမေ့ကျေးဇူး ဆပ်ဖူးချင်တယ် အမျိုးသမီး ဇာတ်ပို့ဆုကို ၀ါ၀ါအောင်တို့မှ အသီးသီးဆွတ်ခူး ရရှိသွားခဲ့သည်ဟု သိရသည်။

၂၀၀၉-ခုနှစ်အတွက် အမျိုးသားသရုပ်ဆောင်ဆုရှင် နေတိုး၊ အမျိုးသမီး ဇာတ်ပို့ဆုရှင် စိုးပြည့်သဇင်၊ အသံဆု ရှင် ဆန်းဦးနှင့်အဖွဲ့၊ ဓာတ်ပုံဆုရှင် ကိုကိုဌေးနှင့်အဖွဲ့၊ တေးဂီတဆုရှင် ဓီရာမိုရ်၊ တည်းဖြတ်ဆုရှင် ဇော်မင်း (ဟံသာမြေ) နှင့် ဇာတ်ကားဆုရှင် စင်ရော်ထုတ်လုပ်ရေးမှ ဒါရိုက်တာ စင်ရော်မောင်မောင်တို့မှ ဆုအသီးသီး ရရှိခဲ့သည်။

၂၀၁၀-ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအခမ်းအနားသို့ ဖိတ်ကြားထားသော အနုပညာရှင် ၆၄၀ဦးတို့ တက်ရောက် အားပေးကြသည် ဟုသိရသည်။

Most read this week