ပုဒ်မ ၁၄၄ အမိန့်ဖီဆန်၍ လူထုများ၏ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပေါ်

ပုဒ်မ ၁၄၄ အမိန့်ဖီဆန်၍ လူထုများ၏ စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပေါ်
ရေးမြို့ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲ(Kyaw Linn)
ရေးမြို့ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲ(Kyaw Linn)

ဗညားပိုင် — သက်ဆိုင်ရာမြို့နယ်အချို့တွင် တပ်မတော်၏ ပုဒ်မ ၁၄၄ အမိန့်ကိုဖီဆန်၍ မွန်ပြည်နယ်အတွင်း မြို့ပေါ်အသီးသီးတွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဉ်ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

အလားတူ မြန်မာနိုင်ငံ မြို့ပေါင်း ၉၀ တွင် ညမထွက်အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဆက်လက်ဖြစ်ပေါ်လျှက်ရှိကြောင်း သတင်းများက ဖော်ပြသည်။

မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့တွင် ယနေ့ဖေဖော်ဝါရီ (၁၀)ရက် နံနက်ပိုင်းက တပ်မတော်အာဏာသိမ်းမှု ကန့်ကွက်ကြောင်း လူသောင်းချီ တတိယနေ့အဖြစ် ဆန္ဒဖော်ထုတ်ခဲ့ရာ ဆရာ၊ဆရာမများ၊ ဥပဒေရေးရာဝန်ထမ်းများ၊ မြန်မာ့မီးရထားဘူတာဝန်ထမ်းများ၊ မွန်ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာတချို့မှ ဝန်ထမ်းများအပြင် ပြည်သူများက ဆန္ဒဖော်ထုတ်ခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်များ၊ ပါတီဝန်းရံထောက်ခံသူများ၊ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများအပါအဝင် အင်အား ၁၀၀၀ ဦးခန့်တို့က “စစ်အာဏာရှင် အလိုမရှိ၊ ဒီမိုကရေစီရရှိရေး ဒို့အရေး၊ သမ္မတ ဦးဝင်းမြင့်နှင့် အမေစုတို့အား အမြန်ဆုံး လွှတ်ပေးရေး ဒို့အရေး၊  ပြည်သူတွေ တင်မြှောက်ထားသော အစိုးရ ဒို့အစိုးရ၊ ပြည်ထောင်စုလွှတ်တော် ခေါ်ယူပေးရေး ဒို့အရေး၊ ဒီမိုကရေစီရရှိရေး ဒို့အရေး၊ အရေးတော်ပုံ အောင်ရမည်၊ သပိတ် သပိတ် မှောက် မှောက်” စသည့် ဗီနိုင်းပိုစတာများ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ရေးမြို့ပေါ်တွင် အင်အားတစ်သောင်းဝန်းကျင်ခန့် ဆန္ဒပြခဲ့ကြသည်။

တတိယနေ့ဆန္ဒထုတ်ဖော်မှုအဖြစ် သံဖြူဇရပ်မြို့တွင် ယနေ့နံနက်ပိုင်းအချိန်က စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ထောင်နှင့်ချီသည့်လူထုများက မြို့ပေါ်စီတန်းလှည့်လည်ကာ ဆန္ဒထုတ်ဖော်ထုတ်ကြပြီး “စစ်အာဏာရှင်အစိုးရ အလိုမရှိ အလိုမရှိ” “ပြည်သူတင်မြှောက်ထားသည့်အစိုးရ ဒို့အစိုးရ ဒို့အစိုးရ” “ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံခေါင်းဆောင်များ ချက်ချင်းလွတ် ချက်ချင်းလွတ်” “ပြည်ထောင်စုလွှတ်တော်ခေါ်ယူရေး ဒို့အရေး ဒို့အရေး” “စစ်အာဏာရှင်ကျဆုံးရေး ဒို့အရေးဒို့အရေး” “ဒို့ပြည်သူတွေညီရဲ့လားဟေ့ ညီတယ်ဟေ့ ညီတယ်ဟေ့” “အရေးတော်ပုံအောင်ရမည် အောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခြင်း ဖြစ်သည်။

သို့ရာတွင် အဆိုပါဆန္ဒပြမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပေါ်ခဲ့ခြင်းမရှိကြောင်း သိရသည်။

လက်ရှိတွင် မော်လမြိုင်၊ ဘီးလင်း၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်များအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသဖြင့် စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်း ဆန်ခတ်ပြုမှုခြင်းများကို မပြုလုပ်ရန် တားမြစ်ထားပြီး လူ ၅ ဦး၊ သို့မဟုတ် ၅ ဦးထက်ပိုသောသူများသည် ယင်းမြို့နယ်များအတွင်း အများပြည်သူနှင့်ဆိုင်သော နေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည ၈ နာရီအချိန်မှ နံနက် ၄ နာရီအချိန်အတွင်း ညမထွက်ရသတ်မှတ်ထားသည့်ကာလြ ဖစ်သည်။

August 21, 2026
The Mon State Defense Force (MSDF) is expanding its military capabilities into coastal and...
August 20, 2026
Mobile network services for ATOM and Mytel have been restored in Payathonzu, a border town in...
August 19, 2026
Young men detained under local military curfews and restrictions in Myanmar's Mon State are...
August 18, 2026
Residents in villages along the border of Mon and Karen States in southeastern Myanmar are...