မင်းတပ်မြို့ကို ဗုံးကြဲမှု စစ်သုံ့ပန်းများအပါအဝင် (၄) ဦးသေဆုံး

မင်းတပ်မြို့ကို ဗုံးကြဲမှု စစ်သုံ့ပန်းများအပါအဝင် (၄) ဦးသေဆုံး

CDF-Mindat ထိန်းချုပ်ထားတဲ့ချင်းပြည်နယ်၊မင်းတပ်မြို့ပေါ်ကိုစစ်ကော်မရှင်တပ်က မေလ ၁၁ ရက်မှာ ၂ ကြိမ်၊ မေလ ၁၂ ရက်မှာ တစ်ရက်တည်း ၉ ကြိမ် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်သုံ့ပန်းများအပါအဝင် (၄) ဦးသေဆုံးခဲ့ရကာ အဆောက်အဦများစွာပျက်စီးခဲ့ရကြောင်း ချင်းအမျိုးသားအစည်းအရုံး(CPU/CPA )က ထုတ်ပြန်ပါတယ်။

မေလ (၁၂) ရက်နေ့ မနက် ၈ နာရီဝန်းကျင်တွင် မင်းတပ်မြို့အနီးတစ်နေရာတွင် ဂျက်တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ထပ်မံပြုလုပ်သွားပြီးနောက် မနက် ၁၁ နာရီ ဝန်းကျင်တွင် မင်းတပ်မြို့ပေါ်သို့ လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် ၊  ညနေ ၆ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် မင်းတပ်မြို့ပေါ်သို့   (၅)  ကြိမ် တိုက်ခိုက်သွားတယ်လို့ CPU/CPA က ထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများတွင် စစ်သုံ့ပန်းများအပါအဝင် သေဆုံးသူ (၄) ဦးရှိကာ အရပ်သားပြည်သူနေအိမ် (၁၅) လုံးခန့်၊ အစိုးရရုံးဌာန အဆောက်အဦ (၁၀) ခု၊ မော်တော်ယာဉ် (၄) စီးနှင့် အခြားပျက်စီးဆုံးရှုံးမှုများရှိသည့်အပြင် ထိခိုက်ဒဏ်ရာရသူများလည်း ရှိကြောင်းထုတ်ပြန်ပါတယ်။

စစ်တပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူများအနေဖြင့် မိမိတို့နေအိမ်၊ ဈေးဆိုင်များတွင် ဗုံးခိုကျင်းများ၊ ကတုတ်ကျင်းများ အဆင်သင့်ထားရှိကာ ၊ လက်ရှိအချိန်အတောတွင်း လူစုလူဝေးများရှောင်ရှားပြီး ထောက်လှမ်းရေးဒရုန်းများ၊ ကင်းထောက်လေယာဉ်များ၊ လေကြောင်းသတင်းများကို နားစွင့်၍ လေကြောင်းသတိထားနေထိုင်ကြပါရန်လည်း CPU/CPA က တိုက်တွန်းနှိုးဆော်ထားပါတယ်။

More news from Chin World
May 12, 2026
The Chinland Defence Force-Tonzang (CDF-Tonzang), a local resistance group, announced a...
May 11, 2026
The Global Media Monitoring Project (GMMP)’s 2025 report indicated that the use of women’s...
May 1, 2026
The junta carried out heavy airstrikes along the border between southern Chin State and Yaw...
April 29, 2026
More than 200 junta troops fired warning shots and stormed Kangyi Village in Magway Region, just...