သံတွဲသူဌေး ရေအားလျှပ်စစ်စီမံကိန်းထဲကို လက်နက်ကြီးကျည်တွေကျရောက်လာတဲ့အတွက် တရုတ်အင်ဂျင်နီယာတွေအပါအဝင် ဝန်ထမ်းတွေ စီမံကိန်းကို စွန့်ခွာ

သံတွဲသူဌေး ရေအားလျှပ်စစ်စီမံကိန်းထဲကို လက်နက်ကြီးကျည်တွေကျရောက်လာတဲ့အတွက် တရုတ်အင်ဂျင်နီယာတွေအပါအဝင် ဝန်ထမ်းတွေ စီမံကိန်းကို စွန့်ခွာ

ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအထဲကို တိုက်ပွဲထဲက လက်နက်ကြီး ကျည်တွေ ကျရောက်လာတဲ့အတွက် အဲဒီမှာ အလုပ်လုပ်ကိုင်နေတဲ့ တရုတ်အင်ဂျင်နီယာတွေ အပါအဝင် တရုတ် ဝန်ထမ်းတွေ စီမံကိန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာဝန်ထမ်းတွေဟာ ဧပြီ ၂၆ ရက်နေ့က စခန်းကို စွန့်ခွာသွားကြပြီဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံ တစ်ဦးကတော့  “  သူဌေးရေးအားလျှပ်စစ်စီမံကိန်းမှာ လာရောက်လုပ်ကိုင်နေတဲ့ တရုတ် အင်ဂျင်နီယာတွေ အပါအဝင် တရုတ်ဝန်ထမ်း ၃၀ လောက်က မနေ့ကတည်းက စီမံကိန်းကနေ ပြောင်းပြေးကြတယ်။ လက်ရှိသံတွဲက ဟိုတည်တွေမှာ တည်းခိုနေတယ်သိရပါတယ်” လို့  နိရဉ္စရာသတင်းဌာနကို  ပြောဆိုပါတယ်။

ဒီသူဌေးရေအားလျွှပ်စစ် စီမံကိန်းဟာ သံတွဲမြို့ အရှေ့မြောက်ဘက် (၁၂ ) မိုင် အကွာမှာ တည်ရှိပြီး နှစ်စဉ်ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ ခန့်မှန်းပါတယ်။ ဒီစီမံကိန်းကို ၂၀၀၈- ၂၀၀၉ ခုနှစ်ကတည်းက စတင် တည်ဆောက်ခဲ့ပြီး ၁၅နှစ်ကျော်ကြာတဲ့အထိ မပီးနိုင်သေးတဲ့ မြန်မာနိုင်ငံ အရှည်ကြာဆုံးစီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။

May 15, 2024
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ လင်းသီရွာတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသွားသူ...
May 13, 2024
ရခိုင်ပြည်၊ စစ်တွေမြို့မှ တိုက်ပွဲရှောင်ရန် ထွက်ခွာသွားသည့် NGO/INGO ဝန်ထမ်းများကို...
May 13, 2024
ရခိုင်ပြည်နှင့် ဗမာပြည်မအကြား ရိုးမကို ဖြတ်သန်း ဖောက်လုပ်ထားသည့် လမ်းမကြီး ၃ ခုကို စစ်ကောင်စီမှ...