လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို စစ်ကောင်စီဗုံးကြဲ၊ ကလေးအပါအဝင် ၆ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို စစ်ကောင်စီဗုံးကြဲ၊ ကလေးအပါအဝင် ၆ ဦးသေ၊ ၁၀ ဦးဒဏ်ရာရ

ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့နယ် ကုန်းသာကျေးရွာကို ယမန်နေ့ (ဧပြီလ ၂၀ )ရက် မွန်းလွဲ ၂ နာရီဝန်းကျင်က စစ်ကောင်စီမှ လေယာဉ်ဖြင့် ပေါင် ၃၀၀ ဗုံးနှစ်လုံးကြဲချကာ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသူမှာ အသက် ၅ နှစ်အောက် မိန်းကလေး (ကလေးငယ်) ၂ ဦး၊ အမျိုးသား ၂ ဦးနှင့် အမျိုးသား ၄ ဦးတို့ဖြစ်ကြောင်း Kayan New Generation Youth-KNGY က ယမန်နေ့ ဧပြီလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် ဗုံးကြဲမှုကြောင့် ကုန်းသားကျေးရွာ နေအိမ် ၂၀ လုံးခန့် ပျက်စီးသွားကြောင်း ထုတ်ပြန်ချက်၌ ရေးသားဖော်ပြထားသည်။

May 3, 2024
စစ်ကောင်စီ၏ အလုပ်သမားဝန်ကြီးဌာနက အမျိုသားများ ပြည်ပသို့ တရားဝင်အလုပ်သွားရောက်လုပ်ကိုင်ခွင့်ကို...
May 3, 2024
သျှမ်းပြည် မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)မြို့ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို ကိုးကန့်တပ်ဖွဲ့ (...
May 2, 2024
သျှမ်းပြည် ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ် တို့ ပြန်လည်ထိန်းချုပ်ထားပြီးနောက်...
April 29, 2024
အကြောင်းအမျိုးမျိုးဖြင့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများ အနည်းဆုံး ၃ နှစ် ထပ်မံ...