၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်လျှောက်လွှာတင်ထားပြီး ဖြေဆိုခွင့်မရခဲ့တဲ့ကျောင်းသား/သူတွေအတွက် အထူးအစီအစဥ် တစ်ရပ်အနေဖြင့်သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ပြည်နယ်ရှိသတ်မှတ်ထားသည့် စာစစ်ဌာနများတွင်စုစည်းခေါ်ယူပြီး ဖြေဆိုရန် ပြန်စီစဉ်ပေးမည်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကမတ်လ ၁၉ ရက်မှာ ကြေညာထားပါတယ်။
ဖြေဆိုမည့် နေ့ရက်နဲ့ စာစစ်ဌာနများအားထပ်မံထုတ်ပြန်ပေးမည်ဟု မြန်မာနိုင်ငံစာစစ်ဌာနကထုတ်ပြန်ချက်အရသိရပါတယ်။
မတ်လ ၁၁ ရက်ကစပြီး ကျင်းပခဲ့တဲ့ စနစ်သစ် ၂၀၂၄ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ချင်းပြည်နယ်မှာတက္ကသိုလ်၀င်တန်းစာမေးပွဲဖြေဆိုရန် လျှောက်ထားသူဦးရေ ၁၇၂၃ ရှိတဲ့အနက် အမှန်တကယ် လာရောက်ဖြေဆိုသူမှာ ၄၀၁ ယောက်သာရှိပြီး ပျက်ကွက်သူ အယောက် ၁၃၂၂ ရှိကြောင်းချင်းပြည်နယ်ပညာရေးရုံးနဲ့နီးစပ်သူဆီကသိရပါတယ်။