NCA ထိုးထားသည့် EAOs ထိန်းချုပ်နယ်မြေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးစတင်မယ်လို့ဆို

NCA ထိုးထားသည့် EAOs ထိန်းချုပ်နယ်မြေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးစတင်မယ်လို့ဆို
ချင်းမိုင်မြို့တွင်ကျင်းပနေသည့် 7NCA-S EAO Summit
ချင်းမိုင်မြို့တွင်ကျင်းပနေသည့် 7NCA-S EAO Summit

NCA  လက်မှတ်ရေးထိုးထားတဲ့  တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးစတင်ဖို့အတွက် RCSS/SSA ဥက္ကဌက ပြောဆိုလိုက်ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဥက္ကဌ ဗိုလ်ချုပ်ကြီးစဝ်ယွက်ဆစ်က ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ မတ်လ ၁၇ ရက်နေ့မှာ စတင်ပြုလုပ်တဲ့ NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်များ မျက်နှာစုံညီအစည်းအဝေး အဖွင့်နှုတ်ခွန်းဆက်စကားမှာပြောဆိုသွားတာပါ။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှုနယ်မြေတွေမှာရှိတဲ့ လူထုတွေအတွက်  အုပ်ချုပ်ရေး၊ လုံခြုံရေး၊ စီးပွားရေး တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တဆင့်ပြီးတဆင့် တည်ဆောက်သွားရမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

မတ်လ ၁၇ ရက်နေ့မှာ စတင်ကျင်းပတဲ့ မျက်နှာစုံညီအစည်းအဝေးပွဲမှာ NCA လက််မှတ်ထိုးထားတဲ့ (၇)ဖွဲ့ရဲ့ စုဖွဲ့မှုပုံစံအသစ်အတွက် ပြင်ဆင်ထားတဲ့ နိုင်ငံရေးဆိုင်ရာ အဆိုပြုချက် မူကြမ်း ၊ ဖွဲ့စည်းပုံစည်းမျဉ်း တွေကို ဆွေးနွေးသွားမယ်လို့ အစည်းအဝေးထုတ်ပြန်ချက်အရ သိရပါတယ်။

May 15, 2024
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် မေလ ၁၄ ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်း...
May 7, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ထီးချိုင့်မြို့နယ်မှာ စစ်ကောင်စီနှင့်...
May 2, 2024
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအားလုံးနီးပါးတွင်...
တိုက်ပွဲများကြောင့် ဝိုင်းမော်မြို့ပေါ်ကို စစ်ဘေးတိမ်းရှောင်လာကြသူများ
April 6, 2024
မြစ်ကြီးနားမြို့နယ် နဲ့  ဝိုင်းမော်မြို့အတွင်းမှာ စစ်ဘေးတိမ်းရှောင်နေရသူများကို...