ကျေးလက်ဖွံ့ဖြိုးရေး ဌာန အစိုးရ အရာရှိတစ်ဦး ပစ်သတ်ခံရ

ကျေးလက်ဖွံ့ဖြိုးရေး ဌာန အစိုးရ အရာရှိတစ်ဦး ပစ်သတ်ခံရ

ရေဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက လက်ထောက်ကြီးကြပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

လက်ထောက်ကြီးကြပ်ရေးမှူး ဦးအေးလွင် အသက် ၄၇ နှစ်သည် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆေးရုံပို့စဉ် လမ်းခရီးတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အသက် ၅၀ အရွယ် ရွာသားတစ်ဦးက “စစ်အာဏာသိမ်းပြီး စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပူးကပ်သွားလာနေတာ ကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ သတိပေးတာနဲ့ သေနတ်ပစ်ခတ်တာ ခံရဖူးတယ်” ဟု ပြောသည်။

ဦးအေးလွင်သည် ကျောက်ကညှာကျေးရွာတွင် နေထိုင်ပြီး စစ်မှုထမ်းဟောင်းတစ်ဦးလည်း ဖြစ်ကာ လက်ရှိတွင် ထားဝယ်ခရိုင် ရေဖြူမြို့နယ်ကျေးလက်ဦးစီးဌာန၌ လက်ထောက်ကြီးကြပ်ရေးမှူး တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်ဟု ရွာသားတစ်ဦးက ဆိုသည်။

မတ်လ ၂၆ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်ခန့်က ကျောက်ကညှာရွာရှိ ဆွေမျိုးတော်စပ်သူ၏ နာရေးပို့ဆောင်ရာမှ အပြန်တွင် ဆိုင်ကယ်စီးလာသူ အမည်မသိ လူနှစ်ဦးက ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်ဟု ရွာသားများက ပြော သည်။

ပစ်ခတ်ခံရသည့် ဦးအေးလွင်ကို အရေးပေါ်လူနာတင်ကားဖြင့် ရေဖြူဆေးရုံသို့ ပို့ခဲ့ကြသော်လည်း ဆေးရုံတွင် ဆေးကုသရေးဆိုင်ရာ ပစ္စည်းကိရိယာ မပြည့်စုံခြင်းနှင့် အကူအညီ လိုအပ်မှုများကြောင့် ထားဝယ်ဆေးရုံသို့ ဆက်လက် ပို့ဆောင်နေစဉ် လမ်းခရီးတွင်ပင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်သည့် ဦးအေးလွင်သည် ပထမတစ်ကြိမ် သေနတ်ဖြင့် အပစ်ခံရခဲ့ဖူးသူ တစ်ဦးပြီး ကျည်မထွက်သဖြင့် အသက်ချမ်းသာရာ ရခဲ့ကြောင် ရွာသားများ က ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့် ပျူစောထီး အဖွဲ့များ၏ လှုပ်ရှားသွားလာနေမှုများကို သတင်းပေး ပို့ ကြပါရန်နှင့် ခရီးသွားလာရာတွင်လည်း စစ်ယာဉ်တန်းများနှင့် ကပ်လိုက်မောင်းနှင်ခြင်း မပြုကြရန် ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

အလားတူ ကိုယ်ပိုင်ကားနှင့် ခရီးသည်တင်ယာဉ်များကလည်း ကားမောင်းနှင်ရာတွင် မှန်ချမောင်းနှင်ကြရန်၊ ကား အတွင်း မီးဖွင့်ပေးကြရန်နှင့် စစ်ရေးသတိရှိကြပါရန် ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က မေတ္တာရပ်ခံ အသိပေးထားသည်။

Most read this week

September 7, 2026
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့ပေါ်တွင် စစ်အုပ်စုတပ်က ယာဉ်ထိန်းရဲ၊...
ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဉ် / Crd - ပုံဟောင်း
September 7, 2026
စစ်အုပ်စုက ချင်းပြည်ရှိ မြို့အချို့ကို ပြန်လည် ထိန်းချုပ်ထားနိုင်သော်လည်း ၎င်းတို့၏ အုပ်ချုပ်ရေး...
ဓါတ်ပုံ - Crd
September 5, 2026
ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးအဆင်းရှိ အာရက္ခတပ်တော်...
ဓာတ်ပုံ - ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့
September 5, 2026
မွန်ပြည်၊ ကရင်ပြည်နှင့် တနင်္သာရီတိုင်းတို့တွင် စစ်အုပ်စုတပ်၏ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း...