စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

စစ်ရှောင်ပြည်သူတွေကို ရိက္ခာဝေမယ်လို့ပြောဆိုပြီး ဓါတ်ပုံရိုက်ပြီးနောက် ဝေထားတဲ့ရိက္ခာတွေကို ပြန်သိမ်းယူသွား

လွိုင်ကော်မြို့ နမ့်ဘော်ဝမ် ရပ်ကွက်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို စစ်ကောင်စီ က ရိက္ခာဝေပေးမယ်လို့ပြောဆိုကာ ဒီကနေ့ (မတ်လ ၂၅ ရက်နေ့ ) မှာ စုရုံးခေါ်ဆောင်ပြီး ဓါတ်ပုံမှတ်တမ်းရယူခဲ့ပေမဲ့ ဝေငှထားတဲ့ ရိက္ခာထုပ်တွေကို ပြန်လည်တောင်းယူခဲ့တယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

နမ့်ဘော်ဝမ်ရပ်ကွက်အတွင်းမှာ ရှိတဲ့ဘုရားကျောင်းမှာ စစ်ဘေးရှောင်တွေကို ခေါ်ယူစုရုံးပြီး ကုလားပဲထုပ် နဲ့ ဆန်ထုပ်တွေကို ဝေငှနေတဲ့ ဓါတ်ပုံမှတ်တမ်းတွေရိုက်ယူခဲ့တယ်လို့ ဆိုပါတယ်။

“ကုလားပဲ ထုတ်သေးသေးလေးတွေ ၊ ဆန်ထုတ်သေးသေးလေးတွေကို ပေးတယ်။ အဲဒီမီးဖိုချောင်ထဲ မှာ ရှိတဲ့ ဆန်အိတ်တွေကိုပါသယ်ထုတ်ပြီး ဓါတ်ပုံရိုက်တယ်။ နောက်ပြီးလူထုကိုပေးထားတဲ့ ဆန်ထုပ် သေးသေးလေးတွေ ကို ပြန်တောင်းတယ်။ လုံးဝမပေးဘူးနော။” လို့ မျက်မြင်တွေ့ရတဲ့ စစ်ရှောင်တစ်ဦးကပြောပါတယ်။

စစ်ရှောင်တွေကတော့ အဆိုပါ ရိက္ခာတွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ထုတ်ပေးတယ်လို့ ထင်တာကြောင့် သွားရောက်ထုတ်ယူဖို့ သွားခဲ့ကြပေမဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကိုသာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အဆိုပါ ရိက္ခာ ထုတ်ပေးတဲ့ နေရာကို စစ်ကောင်စီ ရဲ့ သယံဇာတရေးရာဝန်ကြီး ဦးစောဟူးဟူး တက်ရောက်ခဲ့တယ်လို့ မျက်မြင်တွေ့ရတဲ့ သူတစ်ဦးကပြောပါတယ်။

စစ်ကောင်စီသတင်းကို ဖော်ပြပေးနေတဲ့ Kayah State Media ဖေ့ဘွတ်လူမှုစာမျက်နှာမှာတော့ ဒီကနေ့မှာ စစ်ကောင်စီခန့် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ဦးဆောင်ပြီး တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ စစ်ရှောင်ရှိရာနေရာတွေကို သွားရောက်ပြီး အခြေခံစားသောက်ကုန်တွေကို ပေးအပ်ခဲ့ပြီး လိုအပ်တာကို ထပ်မံဖြည့်ဆည်းဆောင်ရွက်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Most read this week

September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...