တနင်္သာရီမြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ

တနင်္သာရီမြို့နယ်ထဲကို အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ထဲကို ပြီးခဲ့တဲ့ မတ် ၈ ရက်နေ့ ကစပြီး စစ်ကောင်စီတပ်က တပ်အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ စိုးမိုးထားတဲ့ တနင်္သာရီမြို့နယ်၊ ဗောဓိကမ်း၊ တုံးဗျောနဲ့ ချောင်းလမုကျေးရွာတွေဘက်ကို စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ချီတက်ရာလမ်းတလျှောက်ကို လက်နက်ကြီးတွေ ပစ် ခတ်ပြီး ဝင်ရောက်လာကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကို တောနင်းရှာဖွေတာတွေ လုပ် ဆောင်နေပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတဲ့အတွက် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာ မရှိသေးပေမယ့် စစ်ရေး ပိုမိုတင်း မာလာသလို တိုက်ပွဲတွေ ပြင်းထန်လာမယ့် အခြေအနေမှာ ရှိနေတယ်လို့ ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတာကြောင့် ဒေသခံပြည်သူတချို့ ကြိုတင်ထွက်ပြေးတိမ်း ရှောင်တာတွေ ရှိနေသလို တချို့ဒေသခံတွေကတော့ နေအိမ်တွေမှာပုန်းခိုးပြီး အခြေအနေ စောင့်ကြည့်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ မတ် ၇ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ရေဖြူကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၅ ဦး သေဆုံးကာ ၂ ဦးဒဏ်ရာရရှိ ထားပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor အဆိုအရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တစ်လအတွင်း တနင်္သာရီ တိုင်းဒေသကြီးထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲ ၃၇ ကြိမ် ဖြစ်ပွားထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

July 16, 2026
မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ဖိလစ်ပိုင်...
July 15, 2026
မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီရောင်းချပေးမည်ဟုဆိုကာ အိမ်ထောင်စုစာရင်းများ...
July 11, 2026
မွန်ပြည်၊ ကျိုက်မရောဗဟို အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက...
July 10, 2026
စစ်တပ်မှ အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့သည့် အစိုးရလက်ထက်တွင်...