ကျေးသီး ကိုရင်လေး သေဆုံးမှုကိစ္စ ရိုက်နှက်သည့် ဦးဇင်းကို အရေးယူမှုမရှိ

ကျေးသီး ကိုရင်လေး သေဆုံးမှုကိစ္စ ရိုက်နှက်သည့် ဦးဇင်းကို အရေးယူမှုမရှိ

သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်၊ မိုင်ကောင်းကျေးရွာတွင် ညနွားနို့သောက်မှုကြောင့် ဦးဇင်းတပါးမှ ကိုရင်လေး ရိုက်နှက်ခဲ့ပြီး သေဆုံးသွားသည့် ကိစ္စ အရေးယူဆောင်ရွက်မှုမရှိကြောင်း စုံစမ်းသိရသည်။

လက်ရှိ ကိုရင်လေး သေဆုံးမှုကိစ္စတွင် နှစ်ဦးနှစ်ဖက် ဖြေရှင်းကြပြီး ကျေအေးသွားပြီးဖြစ်သဖြင့် လက်ရှိမှာ ကိုရင်လေးကိုရိုက်ခဲ့သည့် ဦးဇင်းကို အရေးမယူတော့ကြောင်း သတင်းရရှိသည်။

ကိုရင်းလေးကို ရိုက်ပြီးဆုံးမခြင်းကို နောင်တချိန်တွင် ထပ်မံ မဖြစ်စေရန်အတွက် ထိုဦးဇင်းကို ဆုံးမထားကြောင်း၊ ဘုရားဝိနည်းအရ စေတနာဖြင့် ရိုက်နှက်သဖြင့် ပြစ်မှားမှုမရှိသောကြောင့် အရေးယူသွားမည်မဟုတ်ကြောင်း ကျေးသီမြို့နယ် သံဃာနယက တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွန်ခဲ့သည့် စက်တင်ဘာ (၁၀) နေ့က မိုင်ကောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် ကိုရင်လေးသေဆုံးသွားရသည့်နှင့်ပတ်သတ်ပြီး မည်ကဲ့သို့ အပြစ်ပေးသင့်ကြောင်း အစည်းအဝေး ပြုလုပ်ခဲ့ကြသေးကြောင်း သိရသည်။

“ကျနော်တို့ အစည်းဝေးလုပ်ပြီးပြီး။ သူတို့ မိဘကလည်းအဝေးမှာဆိုတော့ ဘယ်လိုမှ အရေးယူလို့မရဘူး။ ဒါပေမယ့် ကိုရင်လေးရဲ့ဆွမ်းကိုတော့ လုပ်ခိုင်းတယ်။ ရိုက်တဲ့ ဦးဇင်းကလည်း ကျောင်းမှာပဲ။ အရေးယူမှုတော့မရှိပါဘူး။ နောက်လာဒီလိုထပ်မဖြစ်အောင်တော့ ဆုံးမပြောဆိုထားတယ်။ သူရိုက်ခဲ့တာလည်း သေတဲ့အထိ ရိုက်ဖို့ရည်ရွယ် ခဲ့တာမဟုတ်တာကြောင့် ဘုရားဝိနည်းအရမမှားဘူး” ကျေးသီးမြို့ သံဃာနယက ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုရင်လေးကို ရိုက်သည့် ကိစ္စနှင့်ပတ်သတ်ပြီး မိဘ အနေဖြင့် အရေးမယူလိုကြောင်း၊ သံဃာပိုင်းမှာ တာဝန်ယူဖြေရှင်းရန်၊ သံဃာပိုင်းမှာ မည်ကဲ့သို့ ဆုံဖြတ်မှုမရှိပါက ဝမ်းနည်းရပါကြောင်း ကိုရင်လေး၏ ဖခင်ဖြစ်သူက ပြောသည်။

“ကျနော်တို့ဘက်ကတော့ ရိုက်တဲ့ဦးဇင်းကနေ ကျနော်သားအတွက် ဆွမ်းကပ်ပေးစေချင်တယ်။ အရေးတွေတော့မယူချင်တော့ဘူး။ အရေးယူတဲ့ အပိုင်းကတော့ သံဃာတွေကိုပဲ အပ်လိုက်ပြီ။ သူတို့ဘက်ကတော့ ဘယ်လိုယူသွားကြမလဲမသိဘူး။ ဘုရားရဲ့ဝိနည်းအရ မှားတဲ့သူကိုပဲ အပြစ်ယူသင့်ရင်ယူရမယ်လေ။ သူတို့ဖက်ကနေ တစ်စုံတစ်ရာ တုန့်ပြန်မှုမရှိဘူးဆိုရင် သံဃာဘောင်အတွက် ကျနော်ဝမ်းနည်းမိတယ်” ဟု သေဆုံးသွားသည့်ကိုရင်လေး၏ ဖခင်က ဆိုသည်။

ထိုသို့ ဦးဇင်းက ရိုက်လိုက်သည့် ကိစ္စအပေါ်တွင် နောင်လာတွင် မဖြစ်စေရန်အတွက် ပညာပေးအနေဖြင့် အရေးသွားသင့်ကြောင်း တောင်ကြီမြို့ ရှေ့နေတဦးက ပြောသည်။

“အခုချိန်မှာသက်သေအထောက်ထားတွေနဲ့ဆိုတော့ လျင်မြန်စွာ အရေးယူသင့်ပါတယ်။ ဖြစ်ရိုးဖြစ်စဉ်ပိုသိလာရင် ပြည်သူတွေလည်း နာလည်းလာမယ်။ ဥပဒေကိုသိလာမယ်။ နောင်လာမဲ့ ကလေးတွေဒီလိုမျိုးမဖြစ်မှာလေ။ တဦးတယောက်ကနေ တရားလိုလုပ်ပြီး အရေးယူသင့်ပါတယ်” ဟု တောင်ကြီးမြို့‌ရှေ့နေတဦး ကပြောသည်။

ထိုသို့ ယခုလို ကိစ္စမျိုးကို အရေးယူမှုမရှိပါက နောင်လာမည့်အချိန်တွင် ကလေးသူငယ်များအပေါ်စိုးရိမ်ရကြောင်း၊ ဥပဒေကို လူထုက မလေးစားတော့ကြောင်း ၊ ကလေးတွေ အနာဂတ်ကို စိတ်ပူရမည်ဖြစ်ကြောင်း ၎င်း က ထပ်လောင်းပြောသည်။

“ဒါကို အရေးမယူဘူးဆိုရင် နောင်လာမဲ့ ကလေးတွေအတွက်စိုးရိမ်းရတယ်။ ကလေးတွေရဲ့ အနာဂတ်က စိတ်ပူရတာပေါ့။ နောက်ပြီး ပြည်သူတွေက ဥပဒေကို မလေးစားတော့ဘူးလေ။ ဥပဒေ အထက်ပေါ်မှာ ပြည်သူတွေက ရှိနေတော့မှာလေ။ တကယ်ဆို ဥပဒေအောက်မှာ ပြည်သူတွေက နေထိုင်ရမှာ။” ဟု အထက်ပါ ရှေ့နေက ထပ်လောင်းပြောသည်။

မိုင်ကောင်းကျေးရွာတွင် လွန်ခဲ့သည့် ဩဂုတ် (၂၄) ရက်နေ့တွင် ကိုရင်လေး (၁၇) ပါး နွားနို့ခိုးသောက်ရာမှ ရိုက်နှက်ခဲ့ပြီး ထိုရိုက်ခံရသည့် ဒဏ်ကြောင့် စက်တင်ဘာ (၃)ရက်တွင် ကိုရင်လေး ပျံလွန်သွားကြောင်းသိရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...