နောင်ချို CDM ပညာရေးဝန်ထမ်းများ ဖိအားပေး ခြိမ်းခြောက်ခံရ

နောင်ချို CDM ပညာရေးဝန်ထမ်းများ ဖိအားပေး ခြိမ်းခြောက်ခံရ

သျှမ်းမြောက် နောင်ချိုမြို့နယ် မှ အာဏာဖီဆန်ရေး (CDM) လုပ်ဆောင်နေသည့် ပညာရေးဝန်ထမ်းများကို ပညာရေးမှူး မှ လာရောက်ခြိမ်းခြောက်ကာ Non-CDM ပြန်လုပ်ခိုင်းကြောင်း နောင်ချို ပညာရေးဝန်ထမ်းများထံ စုံစမ်းသိရသည်။

ယခုရက်ပိုင်း CDM ပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများကို စာရင်းလိုက်ကောက်နေပြီး CDM ဆက်လုပ်ပါက လစာ ပေးတော့မည် မဟုတ်ကြောင်း၊ Non-CDM ပြန်လုပ်ရန် ခြိမ်းခြောက်နေကြောင်းလည်း နောင်ချို မှ ကျောင်းဆရာမ တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ အခု CDM လုပ်နေတဲ့ ဆရာမတွေရဲ့ အိမ်တွေကို တအိမ်တက် တအိမ်ဆင်းနဲ့ စာရင်းကောက် လက်မှတ်ထိုးခိုင်းတယ်။ CDM လုပ်ရင် ဧပြီလစာ ကစ မရတော့ဘူး။ Non-CDM ပြန်လုပ်ဖို့ ပြောလာတယ်” ဟု အထက်တန်းကျောင်း ဆရာမ တဦး ကသျှမ်သံတော်ဆင့် ကို ပြောသည်။

CDM ပြုလုပ်နေသည့် ဆရာမ လစာမရ တော့ပါက အခက်အခဲများရှိနိုင်ကြောင်း၊ လက်ရှိမှာ CDM စာရင်းကောက် သွားသဖြင့် ဖမ်းဆီးမှု ရှိလာနိုင်ကြောင်း လည်း နောင်ချိုပညာရေး ဝန်ထမ်းများက ပြောသည်။

“ လစာမရရင် ကျမတို့ က ဘာမှ မဖြစ်ဘူး။ ခက်ခဲပေမယ့် အဆုံးထိတိုက်ဖို့ လုပ်ထားပြီးသားပါ။ အလုပ်ဖြုတ်ရင်လည်း ဖြုတ်ခံမယ်။ ဒါပေမယ့် အဖမ်းအဆီးတွေရှိရင်တော့ အခက်အခဲရှိမယ်” ဟု ၎င်း ဆရာမ က ဆိုသည်။

CDM စတင်လုပ်ဆောင်ကတည်းက စစ်အာဏာရှင်ကို အဆုံးထိဖြုတ်ချဖို့ ဆုံးဖြတ်ပြီးကြောင်း၊ စစ်အာဏာရှင် လက်အောက်တွင် တာဝန်မထမ်းဆောင်ခြင်းသဖြင့် CDM ပြုလုပ်ရကြောင်း၊ ဖိအားခြိမ်းခြောက်မှုကြားက CDM ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း နောင်ချို ဆရာမများက ပြောဆိုလိုက်သည်။

မကြာမီ စစ်အာဏာရှင်များမှ ကျောင်းများပြန်ဖွင့်နိုင်ရန် စီစဉ်ဆောင်ရွက်နေကြသည့်အတွက် ပညာရေးဝန်ထမ်းများ ဖိအားပိုပြီး ပေးလာနိုင်ကြောင်း၊ ဖမ်းဆီးမှုရှိလာနိုင်ကြောင်းလည်း သျှမ်းပြည်လူထုများက ပြောဆိုသည်။

April 25, 2026
စိုင်းဟန်လင်း — စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက...
လားရှိုးမြို့ရှိ ခလရ(၄၁) တပ်ရင်းအား ၂၀၂၄ ဇူလိုင်လအတွင်း MNDAA သိမ်းပိုက်ခဲ့စဉ်
April 24, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် လားရှိုးမြို့အဝင်ရှိ စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-(၄၁) ထဲ...
April 23, 2026
စိုင်းဆိုင်အိုက် — သျှမ်း-ကရင်နီနယ်စပ်ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များ...
April 22, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန် ပြုပြင်ထိန်းသိမ်းမှု...