ကျောက်မဲစစ်ရှောင် ၁၀၀၀ ကျော် နေရပ်ပြန်ရန် ခက်ခဲနေဆဲ

ကျောက်မဲစစ်ရှောင် ၁၀၀၀ ကျော် နေရပ်ပြန်ရန် ခက်ခဲနေဆဲ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင်း တိုက်ပွဲထိတွေ့မှု ဆက်လက်ရှိနေသဖြင့် စစ်ဘေးရှောင် (၁၀၀၀) ကျော် နေရပ်သို့ မပြန်နိုင်သေးကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ စစ်ဘေးရှောင် (၁၀၀၀)ကျော်သည် ဖေဖော်ဝါရီတတိယပတ်မှ စတင်ရောက်ရှိလာသည့် သူများဖြစ်သည်။

“ ကျနော်တု့်ဆီက စစ်ဘေးရှောင်တွေကတော့ အရင်တိုင်း ရှိနေတုန်း ရက်ပေါင်း (၂၀) ကျော်လောက်ရှိပြီ ရောက်လာကြတာ။ ဒေသတွင်း အခြေနေက မငြိမ်သေးတဲ့အတွက်ကြောင့် မပြန်ကြသေးတာပါ” ဟု ကျောက်မဲမြို့နယ်ရှိ နမ့်ခုံးပရဟိတအသင်းဝင် တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ပန်စန်ဘုန်းကျောင်း(၄၀၀) ကျော်၊ ကန့်ကန် ( ၅၀၀) ကျော်၊ နမ့်ဆီးလင်းဘုန်းကြီးကျောင်း( ၃၅) ဦး၊ တော့ဆန် (၁၈၀) နှင့် ပါခါး(၁၀၀) ကျော် တို့ရှိထားကြောင်း သိရသည်သည်တို့ ရှိထားကြောင်း သိရသည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA) တို့ကြား စစ်ရေးတင်းမာမှု ရှိခဲ့သည့်အတွက် စစ်ရှောင်များ နေရပ်သို့ မပြန်နိုင်သေးပေ။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...