နောင်ချိုကျန်းမာရေးဝန်ထမ်းများ CDM ဆက်လုပ်မည်ဖြစ်ကာ ဝန်ထမ်းအိမ်ရာမှ ဖယ်ပေး

နောင်ချိုကျန်းမာရေးဝန်ထမ်းများ CDM ဆက်လုပ်မည်ဖြစ်ကာ ဝန်ထမ်းအိမ်ရာမှ ဖယ်ပေး

သျှမ်းပြည်မြောက်ပိုင်းနောင်ချို ပြည်သူ့ဆေးရုံမှ အာဏာဖီဆန်လှုပ်ရှားရေး (CDM)ဆက်လက်လုပ်မည်ဖြစ်သဖြင့် ဝန်ထမ်းများ ဝန်ထမ်းအိမ်ရာမှ ဖယ်ရှာပေးလိုက်ကြောင်း သတင်းရရှိသည်။

ယမန်နေ့တွင် CDM ဆက်လုပ်မည် ဝန်ထမ်းများ အိမ်ရာမှ ဖယ်ရှားပေးရန် နောင်ချိုမြို့နယ်အထွေထွေအုပ်ချုုပ်ရေးရုံး နှင့် ဆေးရုံအုပ်ကြီး က နှုတ်မိန့်ဖြင့်လာရောက်အကြောင်းကြားသဖြင့် ဝန်ထမ်းများလည်း CDM ဆက်လုပ်မည်ဆိုသည့်အတွက် အိမ်ယာမှ ယနေ့ (မတ် ၁၅)ရက် ဖယ်ရှားပေးလိုက်ခြင်းဖြစ်ကြောင်း CDMပါဝင်သည့် ကျန်းမာရေးဝန်ထမ်း တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျမတို့ကို တရားဝင်စာနဲ့တော့ မလာဘူး။ နှုတ်နဲ့ပဲအကြောင်းကြားတယ်။ ဒီနေ့နဲ့ မနက်ဖန် အပြီး ပြောင်းရမယ်ဆိုတာပြောလာတယ်။ ကျမတို့ CDM ဆက်လုပ်မှာဖြစ်တဲ့အတွက် ဖယ်ပေးလိုက်တာပါ။ တကယ်တော့ တရားဝင်စာနဲ့ မလာသေးပါဘူး။ ပြောင်းရွှေ့ဖို့က နောင်ချိုပြည်သူတွေ လာကူညီပါတယ်” ဟု ကျန်းမာရေးဝန်ထမ်းက ဆိုသည်။

အခက်အခဲ၊ အဟန့်အတားများစွာ ရှိသည့် ကြားက ကျန်းမာရေးဝန်ထမ်းများ CDM ပြုလုပ်ကြကြောင်း၊ တချို့ ကျန်းမာရေးဌာန အောက်ခြေ ဝန်ထမ်းအနေဖြင့် အခက်အခဲမျိုးစုံရင်ဆိုင်နေရသော်လည်း CDM ကို ဆက်လက်ပြုလုပ်နေကြကြောင်း ၎င်း က ထပ်လောင်းပြောသည်။

“ နယ်တွေ ကျေးရွာတွေနေတဲ့သူတွေ အတွက်တော့နည်းနည်း အခက်အခဲဖြစ်တယ်။ အခက်အခဲကိုတော့ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ ရပ်တည်ချက်တွေကြောင့် ဆက်လုပ်ကြတာ။ စစ်အာဏာရှင်ကို မလိုချင်လို့ CDM ဆက်လုပ်တာပါ” ဟု နောင်ချို ကျန်းမာရေးဝန်ထမ်း တဦး က ပြောသည်။

လက်ရှိ နောင်ချိုCDM ပါဝင်သည့် ဆရာဝန် ၂ဦး ရှောင်ပုန်းနေရကြောင်း၊ ကျန် ကျန်းမာရေးဝန်ထမ်းများလည်း မကြာခဏ ခြိမ်းခြောက်လာနိုင်ကြောင်း သိရသည်။

ယခုရက်ပိုင်း သျှမ်းပြည်တဝှမ်း ရှိ CDM လှုပ်ရှားပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ ဝန်ထမ်းအိမ်ရာမှ ဖယ်ရှားခံနေရကြောင်း သိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...