တောင်ကြီး လူငယ်သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့မှအကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးမှု ပိုဆိုးရွားလာ

တောင်ကြီး လူငယ်သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့မှအကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးမှု ပိုဆိုးရွားလာ

သျှမ်းပြည်တောင်ကြီးမြို့တွင် စစ်အာဏာ သိမ်းမှုဆန့်ကျင်ရေး အတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေသည့် လူငယ်များ ကို ရဲတပ်ဖွဲ့မှ ရက်ပိုင်းအတွင်း အင်အားသုံးအကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးမှုများ ပိုဆိုးရွားလာကြောင်း သတင်းရရှိသည်။

မတ်လ(၉) ရက်နေ့ တွင် တောင်ကြီးမြို့ ၊အနောက်မြို့ပတ်လမ်း၊ ရွှေသူဌေးကုန်းရပ် ရဲဘော်ဈေး အနီး တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသည့် လူငယ်များအား ရဲတပ်ဖွဲ့မှ မျက်ရည်ဗုံး များဖြင့် ဖြိုခွင်းခဲ့ပြီး လူငယ်နှစ်ဦးကို ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

“ ကျမ မျက်စိရှေ့မှာတင် ကလေးနှစ်ယောက်ကို ဂုတ်ကနေ ဆွဲ ပြီး ကန်နေတာတွေ့ ရတယ်။ ကလေးတွေက ငယ်ငယ်လေးတွေ နောက်ပြီး ဆိုင်ကယ် မောင်းလာတဲ့ ကောင်လေးကိုလည်း ဆိုင်ကယ်ရပ်ခိုင်းပြီး ဆွဲသွားတာ။ ဆိုင်ကယ်ကိုလည်း ရဲတွေယူသွားတယ် ”ဟု ရဲဘော်ဈေးအနီးတွင် ဈေးရောင်းနေသူတဦးက သျှမ်းသံတော်ဆင့်ကို ပြောပါတယ် ။

ထို့အပြင် ရဲတပ်ဖွဲ့များက ရာဘာကျည်တွေနှင့် ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများလည်း ရှိပြီး၊ လမ်းလေးတွင် ရပ်ထား ဆိုင်ကယ်များ၊ ကားများကို ရဲတပ်ဖွဲ့ က ဖျက်ဆီးမှုများပြုလုပ်နေ ကြောင်း အနောက်မြို့ပတ်လမ်းတွင် နေထိုင်သည့် ပြည်သူများက ပြောပြသည်။

နေ့စဉ်တောင်ကြီး မြို့နယ်အတွင်း စစ်အာဏာရှင် ဆန့်ကျင်ရေး အတွက် လူငယ်တွေဟာ သပိတ်စစ်ကြောင်း ၅ ကြောင်းထွက်ကာ ပျောက်ကြားစနစ် နှင့် ဗျုဟာ ချပြီး အာဏာရှင်တွေကို မဖြစ်ဖြစ်သည့် နည်း နှင့် ဆန္ဒပြနေကြသည်။

တောင်ကြီး မြို့ဟာ တစ်ခြားမြို့တွေလို လူသေဆုံးမှု ယနေ့ထက်ထိမရှိသေး သော်လည်းဖမ်းဆီးခံ လူငယ်များနှင့် ဒဏ်ရာရလူငယ်များ နေ့စဉ် ရှိနေကြောင်း သိရှိသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...