ဒေါက်တာဆာဆာထံ ပေးစာ RCSS ဉက္ကဌ ညွှန်ကြားချက်မဟုတ်

ဒေါက်တာဆာဆာထံ ပေးစာ RCSS ဉက္ကဌ ညွှန်ကြားချက်မဟုတ်

ဒေါက်တာဆာဆာထံသို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏ နိုင်ငံခြားရေးဌာနမှ ပေးပို့သည့် စာတစ်စောင်သည် ဉက္ကဌကြီး ဗိုလ်ချုပ်ကြီးယွက်စစ်၏ ညွှန်ကြားချက် မဟုတ်ကြောင်း ကြားသိရသည်။

မတ်လ ၆ ရက် ၂၀၂၁ ခု ရက်စွဲပါ အဆိုပါ ပေးစာတွင် ကုလသမဂ္ဂဆိုင်ရာ  CRPH အထူးကိုယ်စားလှယ် ဒေါက်တာဆာဆာ ထံသို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၏နိုင်ငံခြားရေးဌာန လိုဂို၊ ဌာနမှူးယွက်မိန်း (ဖိလစ်) ၏  လက်မှတ်ဖြင့် ရေးသားပေးပို့ခြင်းဖြစ်သည်။

“ဉက္ကဌကြီးက သူ မညွှန်ကြားလိုက်ရဘူးတဲ့။ ဒီစာနဲ့ပတ်သက်ပြီးတော့လဲ မသိရဘူးတဲ့။ အဲ့ဒီ့လောက် အရေးကြီး တဲ့ လုပ်ရပ် လုပ်ဆောင်မယ်ဆိုရင် ဗဟိုဆုံးဖြတ်ချက်ရယူရမယ်။  CRPH နဲ့ ပတ်သက်ပြီး  PPST နဲ့လဲ ထပ် မဆွေးနွေးရသေးဘူး”-  ဟု ဉက္ကဌ ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဉီးကအတည်ပြုသည်။

ထို့ကြောင့်အဆိုပါစာသည် ၁- အတုဖြစ်နိုင်သကဲ့သို့ ၊ ၂- ၄င်း၏ပုဂ္ဂိုလ်ရေးအနေဖြင့်သာ ရေးသားပေးပို့ခြင်းဖြစ်နိုင်ကြောင်း ၊ ထို့ကြောင့်၄င်းနှင့် ပတ်သက်ပြီးအဆင့်ဆင့် စီစစ်မှုပြုလုပ်နေကြောင်း အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

၄င်းနှင့်ပတ်သက်ပြီး RCSS ပြောရေးဆိုခွင့်ရှိသူထံရော ၊ RCSS ၏ နိုင်ငံခြားရေးဌာနမှူးထံပါ သျှမ်းသံတော်ဆင့်က ကြိုးစားဆက်သွယ်သော်လည်းဖုန်းပိတ်ထားသဖြင့် ဆက်သယ်မရပါ။

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ဝန်ထမ်းများအား ထောက်ခံသည့်အကြောင်း RCSS ပါဝင်ထားသည့် PPST ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဉီးဆောင်အဖွဲ့ က  ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့က ကြေငြာချက်၁ စောင်ထုတ်ပြန်သာ ခဲ့ဖူးသည်။ CRPH နှင့်ပတ်သက်ပြီး ထုတ်ပြန်ကြေငြာချက် တစ်စုံတရာမရှိခဲ့သေးပေ။

မကြာခင်ရက်ပိုင်းအတွင်း အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်များ PPST အနေဖြင့် တွေ့ဆုံဆွေးနွေးပါက CRPH နှင့် စပ်ဆိုင်သည့် ကိစ္စရပ်များ ဆွေးနွေးဆုံးဖြတ်ဖွယ်ရှိကြောင်း ကြားသိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...