စစ်အာဏာရှင်ဆန့်ကျင်သည့် ကျိုင်းတုံမှ ၁၄ဦး မလွှတ်သေး

စစ်အာဏာရှင်ဆန့်ကျင်သည့် ကျိုင်းတုံမှ ၁၄ဦး မလွှတ်သေး

သျှမ်းရှေ့ ကျိုင်းတုံမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံရသူ (၂၄)ဦး ယနေ့ထိ မလွှတ်ပေးသေးကြောင်း စုံစမ်းသိရသည်။

ကျိုင်းတုံတွင် စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြမှုကြောင့်ဖမ်းဆီးခံရကြောင့် ဖမ်းဆီးခံရသူ (၁၄)ဦးထဲတွင် အမျိုးသမီး (၇)ဦးပါဝင်နေကြောင်း သိရသည်။

“ ဖမ်းခံရတဲ့သူအများစုက လူငယ်တွေ ၊ အရပ်သားတွေ နောက် လူမှုပရဟိတ လုပ်နေသူတွေပါ။ အခုထိ မလွှတ်လာသေးဘူး။ စိတ်ပူနေရတယ်” ဟု ကျိုင်းတုံ ဒေသခံ အမျိုးသား တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုဖမ်းခံရသည့်သူ ၁၄ဦးထဲတွင် ပရဟိတ နှင့် ကျောင်းဆရာမလုပ်ဆောင်နေသည့် ဆရာမ မမီဆော(ခ) နန်းရှဲန်လာ ကို လူသိများကြသည်။

ထို့အပြင် ထိုထဲတွင် ကျောင်းသူ (၂) ဦး နှင့် ကျောင်းသား ၁ဦး ပါဝင်ကြောင်းလည်းသိရသည်။

“ ကျနော်တို့ ဖမ်းသွားတဲ့သူတွေ အားလုံး ပြန်လွှတ်ပေးစေချင်ပါတယ်။ သူတို့တွေက ဘာမှ အပြစ်ရှိတာမဟုတ်ဘူး။ အခုလည်း ထောင်ထဲမှာ ဘယ်လိုနေလဲမသိဘူး။ ဘယ်လိုထားလဲမသိဘူး” ဟု ၎င်း အမျိုးသားက ပြောသည်။

လက်ရှိ အချိန်ထိ ဖမ်းဆီးခံရသူတချို့ ကို ဆက်သွယ်မရသေးကာ ဖမ်းဆီးခံရသူသည် တရားရင်ဆိုင်ရန် အတွက်လည်း အခက်အခဲဖြစ်နေကြောင်းသိရသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၂၂ရက် ၂ငါးလုံး ပြည်လုံးကျွတ် စစ်အာဏာဆန့်ကျင်ဆန္ဒထုတ်ဖော်ရေးတွင် ဖမ်းဆီးခံရသည့် ပျဉ်းမနားမြို့နေပြည်တော်မှ ပြည်သူ ၁၅၀ ကျော်ကို ဖေဖော်ဝါရီ ၂၃ရက် တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်းသိရသည်။

ထို့ကြောင့် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ကျိုင်းတုံပြည်သူများကိုလည်း အမြန်ပြန်လွှတ်ပေးစေချင်ကြောင်း ကျိုင်းတုံ ပြည်သူများက ပြောဆိုလိုက်သည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...