ကျိုင်းတုံမြို့ စစ်အာဏာရှင်ကို ဆန္ဒပြသူ ၁၅ဦးခန့် တပ်က ဖမ်းဆီးထား

ကျိုင်းတုံမြို့ စစ်အာဏာရှင်ကို ဆန္ဒပြသူ ၁၅ဦးခန့် တပ်က ဖမ်းဆီးထား

သျှမ်းပြည်‌ အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် စစ်အာဏာရှင်ကျရှုံးရန်အတွက် ဆန္ဒပြသူ ၁၅ ဦး ခန့် စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ဖမ်းဆီးခံရသော သူများမှာ ဖေဖော်ဝါရီ ၁ ရက်မှ စကာ ယနေ့အချိန်ထိ ဆက်လက်ဖမ်းဆီး နေလျက်ရှိကြောင်းသိရသည်။

“ သူတို့ဖမ်းသွားတာကတော့ ၁၅ ယောက်လောက်ရှိမယ်။ ဖမ်းသွားတာက ၁၂ ရက်လောက်ရှိနေပြီ။ ပြန်မလွှတ်လာသေးဘူး။ ဟိုနေ့က တယောက်တော့လွှတ်လာပေးတယ်။ အဲ့တယောက်က ဆန္ဒပြသူထဲ မပါဘူးဆိုတော့ ပြန်လွှတ်ပေးတယ်ပြောတယ်” ဟု ကျိုင်းတုံးမြို့ဒေသခံ တစ်ဦးကပြောသည်။

ဆန္ဒပြသူများကို ည အချိန် အင်တာနက် လိုင်းပြတ်တောက်သည့် အချိန်တွင် လိုက်လံဖမ်းဆီးမှုနေကြောင်း၊ ဖမ်းဆီးခံရသူများမှာ ပရိဟိတလုပ်သူများ၊ ထင်ပေါ်ကျော်ကြားသူများကို ဖမ်းဆီးလျက်ရှိကြောင်းသိရသည်။

“ သူတို့ဖမ်းတာက ည အချိန်တွေလိုက်ဖမ်းတယ်ကော။ အင်တာနက်ပျက်တဲ့ချိန်တွေကို လိုက်ဖမ်းနေတယ်။ ထင်ပေါ်ကျော်ကြားသူတွေကို အဓိက ထားဖမ်းနေကြတယ်။ သူတို့ရဲ ဒီလိုဖမ်းဆီးမှုတွေ၊ သူတို့ရဲ လုပ်ရပ်တွေက တော်တော်အောက်တန်းကျတယ်လို့ဘဲပြောချင်တယ်” ဟု ထိုဒေသခံ တစ်ဦးက ဆိုသည်။

ထိုသို့ ဖမ်းဆီးခံရသူများကို ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ပြီး ကျိုင်းတုံမြို့ အကျဉ်းထောင်တွင် ထားရှိလျက်ရှိကြောင်းသိရသည်။

ကျိုင်းတုံမြို့တွင် ယနေ့ အချိန်ထိ ဖမ်းသွားသူများကို ပြန်လည်လွှတ်ပေးရန် ဒေသခံများက တောင်းဆိုကြပြီး၊ စစ်အာဏာရှင် ကျရှုံးရေးအတွက် နေ့စဉ်ဆက်လက် ဆန္ဒထုတ်ဖော်လျက်ရှိကြောင်းသိရသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...