ဖားကန့် ကျောက်ရောင်းဝယ်နေရာ ရဲ၊စစ်ကားများဝင်ရောက် စစ်ဆေး

ဖားကန့် ကျောက်ရောင်းဝယ်နေရာ ရဲ၊စစ်ကားများဝင်ရောက် စစ်ဆေး

ကချင်ပြည် ကျောက်စိမ်းထွက်ရှိရာဒေသ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ရှမ်းကုန်းရပ်ကွက် တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရာ၌ ပါဝင်သည့် ပြည်သူများကို စစ်တပ်မှ ဝင်ရောက်ရှာဖွေနေကြကြောင်း စုံစမ်းသိရသည်။

စစ်အာဏာရှင် ကျရှုံးရေးအတွက် ဖားကန့်ဒေသခံ နှင့် ကျောက်အရောင်းအဝယ် လုပ်နေသည့် တိုင်းရင်းသားပေါင်းစုံ တို့သည် နေ့စဉ်နှင့်အမျှ ဆန့်ကျင်ဆန္ဒပြမှုကို ပြုလုပ်နေကြသည်။

ထို့ကြောင့် ယမန်နေ့ ည ၁၁နာရီတွင် ရဲနှင့် စစ်သား ကား (၄)စီး ရောက်လာပြီး ၎င်းနေရာကို ဝင်ရောက် ရှာဖွေကြောင်း ကျောက်အရောင်းအဝယ်လုပ်နေသည့် ပွဲစားတဦးကပြောသည်။

“ လူဝင်ရှာတာလို့ ပြောပြီး ဝင်စစ်တာ။ အချိန်အခါမှ မဟုတ်ပဲ ဘာလို့ ဝင်စစ်တာလဲ။ တယောက်မှတော့ မပါသွားပါဘူး” ဟု ကျောက်အရောင်းအဝယ် ပွဲစား တစ်ဦးကပြောပါတယ်။

ဖားကန့်မြို့ တွင် စစ်အာဏာရှင် ကျရှုံးရေးအတွက် ဆန့်ကျင် ဆန္ဒပြလာသည်မှာ ၁၃ရက်ရှိလာပြီဖြစ်ပြီး၊ ယနေ့လည်း တိုင်းရင်းသားပေါင်းစုံ အင်အား ၃သောင်း ခန့် ဆက်လက် ဆန့်ကျင်ဆန္ဒပြနေကြောင်း သတင်းရရှိသည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...