တောင်ကြီးမြို့စုပေါင်းရုံရှေ့တွင် ထိုင်သပိတ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြ

တောင်ကြီးမြို့စုပေါင်းရုံရှေ့တွင် ထိုင်သပိတ်ဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြ

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့‌ အစိုးရ စုပေါင်းရုံတွင် ပြည်သူများငြိမ်းချမ်စွာ ထိုင်သပိတ်ပြုလုပ်ပြီး အစိုးရဝန်ထမ်းများ CDM ပါဝင်လာရန် အတွက် ဆန္ဒပြနေကြကြောင်းသိရသည်။

အစိုးရ စုပေါင်းရုံးတွင် ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နေ့ မနက်ပိုင်း အချိန်တွင် လမ်းထွက်လျောက်သည့် ဆန္ဒပြရာတွင် မပါဝင်ဘဲ မြို့နယ်၊ ခရိုင်စုပေါင်းရုံ ရှေ့တွင် ဆန္ဒပြခဲ့ကြောင်းသိရသည်။

“ ကျနော်တို့က လူအနည်းငယ်စုပြီးတော့ ဒီမှာလာထိုင်ပြီး ဆန္ဒပြတာပါ။ လူကတော့ ၄၀ ကျော်လောက်ပဲရှိမယ်။ တချို့ကလမ်းလျှောက်ထဲပါသွားတယ်။ အဓိကတော့ အစိုးရဝန်းထမ်းတွေ CDM မှာပါဝင်လာဖို့ အတွက် ကျတော်တို့ ပြသွားမှာဖြစ်ပါတယ်။” ဟု လာရောက်ဆန္ဒပြသူ တစ်ဦးက ပြောသည်။

တောင်ကြီးမြို့ မြို့နယ်၊ ခရိုင် အစိုးရ စုပေါင်းရုံရှေ့တွင် “Join In CDM” “ရုံမတတ်နဲ့ ရုန်းထွက်” စာသား ဆိုင်ဘုဒ်ဖြင့် လာရောက် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

ထို့အပြင် သျှမ်းပြည်နယ်တွင်ရှိ အစိုးရဝန်ထမ်းများကို သျှမ်းပြည်နယ် အစိုးရ ဘဏ္ဍာရေးနှင့်စီးမံခန့်ခွဲရေး ဦးစိုးညွန့်လွင်ကလည်း အစိုးရ အသစ်မဖွဲ့နိုင်မခြင်း ရုံတက်မရာမလိုကြောင်း ထုတ်ပြန်ခဲ့သည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...