ကွန်ဟိန်းမြို့နယ် စစ်အာဏာသိမ်း ဆန့်ကျင်သူ ၃ဦး ယနေ့ထိ မလွှတ်မြောက်သေး

ကွန်ဟိန်းမြို့နယ် စစ်အာဏာသိမ်း ဆန့်ကျင်သူ ၃ဦး ယနေ့ထိ မလွှတ်မြောက်သေး

သျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းမြို့နယ်တွင် စစ်အာဏာသိမ်း ဆန့်ကျင်လှုပ်ရှားရာတွင် ပါဝင်ခဲ့သည့် ပြည်သူ (၃) ဦးသည် ယနေ့ (ဖေဖော်ဝါရီ ၁၆)ရက်ထိ မလွှတ်မြောက်သေးကြောင်း စုံစမ်းသိရသည်။

ကွန်ဟိန်းမြို့ နှင့် ကာလိမြို့တို့တွင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူ ၃ ဦးကို ဖမ်းဆီးသွားပြီး၊ ၆ရက်တိုင်ကြာခဲ့သော်လည်း ပြန်လွှတ်ပေးချင်းမရှိသေးကြောင်းသိရသည်။

ဖမ်းဆီးခံရသူ (၃)ဦးဖြစ်သည့် ကွန်ဟိန်းမြို့နယ် စိုင်းလိန်ခမ်း၊ ကာလိမြို့မှ ဦးမိုးဇော် နှင့် စိုင်းချစ်ငွေ(ခ) စိုင်းဟန်မိန်းတို့ဖြစ်သည်။

ထိုသူ (၃)ဦးကို တောင်ကြီးမြို့နယ်ရှိ တောင်းလေးလုံးထောင်တွင် ပို့ဆောင်ထားကြောင်း မိသားစုဝင်များ ပြောပြချက် အရသိရသည်။

“ ဟိုညလာဖမ်းသွားတုန်းကတော့ သူတို့လုံခြုံရေးအတွက်ဆိုပြီး လာထိန်းသိမ်းသွားတယ်။ ခုကတောင်းလေးလုံးထောင်ကို ရောက်သွားပြီး။ ကျမတို့ အရမ်းစိတ်ပူနေရတယ်။ ခုထိပြန်မလွှတ်လာပေးသေးဘူး” ဟု စိုင်းလင်းခမ်း၏ မိန်းမဖြစ်သူကပြောသည်။

လက်ရှိမှာ ဖမ်းဆီးခံရသူ ၃ဦးကို မည်သည့် အမှုဖြင့် ဖွင့်ထားသည်ကို မသိရှိရသေးကြောင်းလည်း မိသားစုဝင်များက ပြောပြသည်။

စစ်အာဏာရှင်ကို ဆန့်ကျင်သည့် လှုပ်ရှားမှုကြောင့် ကွန်ဟိန်းမြို့နယ် ဒေသခံ (၃)ဦးဖမ်းဆီးခံရပြီးနောက်၊ ကွန်ဟိန်းမြို့နယ်အတွင်း ဆန္ဒထုတ်ဖော်မှုကို ရပ်ဆိုင်းလိုက်ရကြောင်း သိရသည်။

“ သူတို့ဖမ်းဆီးသွားပြီးနောက်ပိုင်းမှာတော့ ကျနော်တို့ဖက်ကလည်း ဆန္ဒထုတ်ဖော်တာမရှိတော့ပါဘူး” ဟု ကွန်ဟိန်းဒေသခံတစ်ဦးက ပြောသည်။

လက်ရှိဖမ်းဆီးခံရသူများကိုလည်း ပြန်လွှတ်ပေးမည်ဟု သတင်းထွက်ပေါ်နေသော်လည်း ဒေသခံများမှာ သေချာမသိရှိရသေးပေ။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...