နောင်ချို စစ်အာဏာရှင်ဆန့်ကျင် (CDM)ပါဝင်သည့် ဒုထွေအုပ်ကို ဖမ်းရန် ကြိုးစားနေ

နောင်ချို စစ်အာဏာရှင်ဆန့်ကျင် (CDM)ပါဝင်သည့် ဒုထွေအုပ်ကို ဖမ်းရန် ကြိုးစားနေ

သျှမ်းပြည်မြောက်ပိုင်းနောင်ချိုးမြို့နယ် စစ်အာဏာရှင် ဆန့်ကျင်မှု (CDM) တွင် ပါဝင်သည့် အစိုးရဝန်ထမ်းများကိုယနေ့ (ဖေဖော်ဝါရီ ၁၄)ရက်တွင် လိုက်လံဖမ်းဆီးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ယနေ့ (ဖေဖော်ဝါရီ ၁၄)ရက် ညနေ (၄)နာရီတွင် Civil Disobedience Movement (CDM)တွင် ပါဝသည့် နောင်ချိုမြို့နယ် ဒုတိယ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးဌေးလင်းဦး ကို စစ်သားများက လာရောက် ဖမ်းဆီးရန် ကြိုးစားခဲ့ရာ လွှတ်မြောက်ခဲ့ကြောင်း သိရသည်။

“ ညနေ (၄)နာရီ က တပ်သားတွေ ဒုထွေအုပ် ဦးဌေးလင်းဦးကိုလာဖမ်းဖို့ ရောက်လာတယ်။ မတိုင်မီမှာ ရှောင်ထွက်သွားနိုင်ခဲ့တယ်။ အခု ဦးဌေးလင်းဦး က ရှောင်ပုန်းနေရတယ်” ဟု နောင်ချိုမြို့ဒေသခံတဦး ပြောပြချက် အရသိရသည်။

ဦးဌေးလင်းဦးသည် အထွေထွေအုပ်ချုပ်ရေးမှူး (CDM)တွင် ပထမဆုံး ပါဝင်လာသည့် သူဖြစ်ပြီး၊ ဦးဌေးလင်းဦးကို လာရောက်မဖမ်းခင်တွင်လည်း ရုံးပြန်လာတက်ရန် နည်းမျိုးစုံ ခြိမ်းခြောက်ခံခဲ့ရ ကြောင်း လည်း သိရသည်။

“ ကျနော်သိရသလောက်ကတော့ အခု CDM လုပ်ထားတဲ့သူတွေကို နည်းမျိုးစုံ လိုက်ခြိမ်းခြောက် နေတယ်။ CDMလုပ်နေတဲ့သူတွေလည်း တခြားနေရာ ရှောင်နေရတယ်” ဟု ၎င်း ပြောပြချက် အရသိရသည်။

“ သူပုန်ကြောက်လို့ ထွက်မပြေးခဲ့ရဖူးဘူး။ စစ်တပ်ကြောက်လို့ထွက်ပြေးရတဲ့ အရာရှိ ဒီနေ့ သမိုင်းဝင်တယ်” ဟုလည်း ဦးဌေးလင်းဦး ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

လက်ရှိမှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရာတွင် ပါဝင်သည့် တက်ကြွလှုပ်ရှားသည့် နောင်ချို ဒေသခံပြည်သူများကို ဖမ်းဆီးရန်လည်း ကြိုးစားနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၁ရက် တွင် နောင်ချိုမြို့နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေး ဦးဌေးလင်းဦး အပါအဝင် အဖွဲ့ဝင်(၅)ဦးသည် CDM ပါဝင်လာသည့် သူများဖြစ်ကြသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...