မဲစာရင်းအမှားများ စိစစ်တွေ့ရှိထားကြောင်း တပ်ချုပ်က တရုတ် နိုင်ငံခြားရေးဝန်ကြီးထံ ထည့်သွင်းဆွေးနွေး

မဲစာရင်းအမှားများ စိစစ်တွေ့ရှိထားကြောင်း တပ်ချုပ်က တရုတ် နိုင်ငံခြားရေးဝန်ကြီးထံ ထည့်သွင်းဆွေးနွေး

ပြီးခဲ့သည့် ရွေးကောက်ပွဲ၌ မဲစာရင်း အမှားအယွင်းများ ရှိခဲ့ပြီး မဲမသမာမှုများ ရှိနိုင်သဖြင့် တပ်မတော်က စိစစ်လျက်ရှိရာ တွေ့ရှိသည့် မဲစာရင်းအခြေအနေများကို တပ်ချုပ်က တရုတ် နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် ထည့်သွင်းဆွေးနွေးခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi တို့ ဇန်နဝါရီ ၁၂ က နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမတွင်  တွေ့ဆုံခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရာ၌ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရေးသည် ဒီမိုကရေစီ၏ အနှစ်သာရ ဖြစ်သည်ဟု တပ်ချုပ်က ဆွေးနွေးခဲ့ကြောင်း တပ်ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တရုတ်နှင့် မြန်မာတို့ မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်း၊ မဟာဗျူဟာမိတ်ဖက်နိုင်ငံများဖြစ်ကာ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် နှစ်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်း ထူထောင်နိုင်ရေး ပူးပေါင်းဆောင်ရွက္မှုများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုလည်း ထည့်သွင်းဆွေးနွေးကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအပြင် ၂၀၂၀ ဇန်နဝါရီက တရုတ် သမ္မတ H.E. Mr. Xi  Jinping  ြမန်မာသို့ခရီးစဉ်တွင် နှစ်ဖက်သဘောတူညီချက်္များကို ဆက်လက္ဖော်ဆောင်မည့်အခြေအနေများအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်္မည့် ကိစ္စရပ်များ အစုံအလင်ကို ‌ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ တပ်ချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးနှင့် တပ်အရာရှိများ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး၊ တရုတ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဒုတိယဝန်ကြီး၊လက်ထောက်နိုင်ငံခြားရေးဝန်ကြီးနှင့် အရာရှိကြီးများ တက်ရောက်ကြကြောင်း သတင်းထုတ်ပြန်ချက်၌ ပါရှိသည်။

ရွေးကောက်ပွဲ မဲစာရင်းစိစစ်ချက်္များကို တပ်ဘက်က ၂၀၂၀ ဒီဇင်ဘာ ၂၃ မှ ယခု ဇန်နဝါရီ ၁၂ အထိ ထုတ်ပြန်ချက် ၁၆ စောင် ကြေညာခဲ့ရာ မြို့နယ်ပေါင်း ၂၁၇ ခုတွင် မဲမသမာမှု ပြုနိုင် ဖြစ်နိုင်သည့် မဲစာရင်းများ စိစစ်တွေ့ရှိကြောင်း ဖော်ပြခဲ့သည်။