RCSS/SSA နှင့် TNLA တိုက်ပွဲကြောင့် အရပ်သား (၃၇၀၀)ကျော် ထွက်ပြေးနေရ

RCSS/SSA နှင့် TNLA တိုက်ပွဲကြောင့် အရပ်သား (၃၇၀၀)ကျော် ထွက်ပြေးနေရ

နန်းဆိုင်ဖူး — ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ရှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် တအောင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေးတပ်မတော်( TNLA) တို့ကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင် ( ၃၇၀၀) ကျော် ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ တော့ဆန်ကျေးရွာအုပ်စုမှာ စစ်ဘေးရှောင် (၁၈၄၆) ရှိပြီး၊ ကျောက်မဲမြို့ပေါ်တွင်လည်း စစ်ဘေးရှောင် (၁၀၀၇) ကျော် နှင့် နမ္မတူမြို့နယ် တွင် စစ်ရှောင် (၈၆၉ )ရှိကြောင်း စုံစမ်းသိရသည်။

နမ့်စလင်း ကျောင်းဆရာတော် ဉာဏဝရ ( ဓမ္မစာရိယ) က “ မနေ့က သံယာတော်တွေ၊ နမ့်ခုံး ပရဟိတအဖွဲ့တွေနဲ့ သွားပြီး တော့ဆန်ဘက်က စစ်ဘေးရှောင်တွေကို သွားရောက် လှူတဲ့ချိန်မှာ သေနတ်သံတွေ တစ်ချက် တစ်ချက် ကြားနေရတုန်းပဲ။ ဆောင်းရာသီဖြစ်လို့ စစ်ရှောင်တွေအတွက်တော့ စောင်တွေ အခင်းတွေ လိုအပ်နေတယ်” ဟု ဆရာတော်က မိန့်ကြားခဲ့သည်။

ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာ အုပ်စု ပါခါးဘုန်းကြီးကျောင်းမှာ (၄၂၂) ဦး၊ ညောင်မောင်းဘုန်းကြီးကျောင်းမှာ (၆၀၈) ဦး နှင့် ရွှေကျောင်း နှင့် သီရိမင်္ဂလာမြောက်ကျောင်း တွင် (၈၁၆) ဦး စုစုပေါင်း ၁၈၄၆ဦးရှိကြောင်း သိရသည်။

ကျောက်မဲမြို့ပေါ် စစ်ဘေးရှောင် နှင့် ပတ်သက်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်နေရာ တွင် အနိုင်ရထားသည့် စိုင်းအောင်မြင့် မှ “ လွန်ခဲ့တဲ့ ၂ ရက်က စာရင်းအရ စစ်ဘေးရှောင်တွေ စုစုပေါင်း (၁,၀၀၇) ဦး ရှိပါတယ်။ လွယ်အံ၊ ကောင်းခါး နဲ့ နမ့်ဆန်ဘက်သွားတဲ့ ကားလမ်းမကြီးဘေးက ကျေးရွာတွေ ဖြစ်ပါတယ်။” ဟု ဆိုသည်။

ထိုနည်းတူ နမ္မတူမြို့နယ် မန်စံကျေးရွာတွင် စစ်ရှောင် (၂၄၉ )ကျော်နှင့် နားဆိုင်း စာသင်ကျောင်းတွင် စစ်ဘေးရှောင်(၆၂၀)ကျော်တို့ ရှိကြောင်းသိရသည်။

RCSS/SSA နှင့် TNLA တို့သည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၂၅) ရက်မှ စတင်ကာ ယနေ့ချိန်ထိ စစ်ရေးတင်းမာနေပြီး တိုက်ပွဲကြောင့် စစ်ရှောင်များ ယနေ့ချိန်ထိ နေရပ်သို့ မပြန်နိုင်သေးပေ။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...