မိုင်းယန်းပြည်သူများ တာချီလိတ်မှပြန်လာပါက Facility Quarantine ဝင်ရမည်

မိုင်းယန်းပြည်သူများ တာချီလိတ်မှပြန်လာပါက Facility Quarantine ဝင်ရမည်

Hseng Leng — သျှမ်းပြည်အရှေ့ပိုင်း မိုင်းယန်းပြည်သူများအနေဖြင့် တာချီလိတ်မြို့ မှ ပြန်လာသူတိုင်း Facility Quarantine ဝင်ရမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

တာချီလိတ်မြို့တွင် ကိုဗစ်- ၁၉ ကူးစက်မှူနှုန်းမြင့်တက်လာသဖြင့် မိုင်းယန်းမြို့ပြည်သူများ အရေးကြီးကိစ္စမရှိပါက တာချီလိတ်သို့ မသွားကြရန် ယမန်နေ့ ( ဒီဇင်ဘာ ၁ရက်) တွင် မိုင်းယန်းမြို့နယ် အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ကြေညာခဲ့သည်။

“ တာချီလိတ်ကနေပြီးတော့မှ ဒီတစ်ပတ်အတွင်း ရောဂါပြန်ပွားမှုက အရမ်းများလာတယ်။ အပျော်းအပါးတွေ၊ ဈေးဝယ်တာတွေ မလိုအပ်ဘဲမသွားရအောင်လို့ထုတ်ထားလိုက်တာပါ” ဟု မိုင်းယန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းထက် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အရေးပေါ်ခရီးထွက်ရမည်ဆိုပါက ထောက်ခံစာထုတ်ပေးမည်ဖြစ်ပြီး ပြန်ရောက်လာပါက Facility Quarantine ဝင်ရမည် ဖြစ်ကြောင်းသိရသည်။

“ အရေးပေါ်သွားစရာရှိရင်တော့ ထောက်ခံစာထုတ်ပေးမယ်။ ပြန်လာရင်တော့ သက်ဆိုင်ရာ ကျန်းမားရေး ဌာနကထုတ်ပြန်ထားတဲ့အတိုင်း Quarantine ဝင်ကိုဝင်ရမှာ ဖြစ်တယ်” ဟု ဦးဇော်လင်းထက်ကပြောသည်။

တာချီလိတ်ကို သွားပြီး ပြန်လာပြီးဆိုပါက Quarantine ဝင်ပါက ကျန်းမားရေးဌာန မှ ကျန်းမားရေး ဆိုင်ရာဆောင်ရွက်ပေးမည်ဖြစ်ပြီး စားသောက်ရေးပိုင်းတွင် မိမိဘာသာ စီစဉ်ရမည်ဖြစ်ကြောင်း ဦးဇော်လင်းထက်က ဆိုသည်။

လက်ရှိ အချိန်ထိ မိုင်းယန်းမြို့နယ်တွင် Quarantine ဝင်နေသူများ ၉ ယောက်ရှိကာ ၊ထိုအပြင်အမျိုးသမီးများအတွက် လုံခြုံမှူပိုရှိစေရန်အတွက် ကင်းလှည့်စောင့်များဖြင့် စောင့်ကြပ်ပေးနေကြောင်း ဦးဇော်လင်းထက် က ထပ်လောင်းပြောသည်။

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မနက်ပိုင်းအချိန်တွင် ကိုဗစ် ၁၉ အတည်ပြုလူနာ ၅၃ ဦးရှိကြောင်း သိရသည်။.

ဓာတ်ပုံ - မိုင်းယန်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...