မူဆယ်မြို့နယ်အတွင်း စစ်အင်အားအပြည့်တင်စစ်ကား အစီးရေ ၂၀ ကျော်ဖြတ်သန်း

မူဆယ်မြို့နယ်အတွင်း စစ်အင်အားအပြည့်တင်စစ်ကား အစီးရေ ၂၀ ကျော်ဖြတ်သန်း

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အစိုးရတပ်မတော်၏ စစ်ကားအစီးရေ ၂၀ ကျော် စစ်အင်အားနှင့် ရိက္ခာ အပြည့်တင်ဆောင်ကာ ဖြတ်သန်းသွားကြောင်း စုံစမ်းသိရသည်။

နိုဝင်ဘာ ၃ ရက် နေ့လည်ပိုင်းက စစ်အင်အားများနှင့်ရိက္ခာများ တင်ဆောင်သည့် စစ်ကားများသည် မူဆယ်မြို့ကိုဖြတ်ကာ စယ်လန့်ကျေးရွာဘက်သို့ သွားချထားခဲ့ကြောင်း မူဆယ်မျက်မြင်ဒေသခံများက ပြောသည်။

“ မူဆယ်မြို့လယ်ကို ၁၀ စီးဖြတ်တယ်။ မူဆယ်မြို့ပတ်လမ်းဘက်ကနေ ၁၀ စီးဖြတ်တယ်။ အဲ့ကနေ ပြီးတော့ စယ်လန့် ဘက်ကို သွားတယ်။ စစ်သားတွေ ရိက္ခာတွေချပြီး ပြန်သွားတယ်” ဟု မျက်မြင်ဒေသခံ အသက် ၄၀ ဝန်းကျင် အမျိုးသားက ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ၄ ရက်သာ ကျန်ရှိသည့်အချိန်တွင် စစ်သားများ သယ်ဆောင်လာသည့် ကားများသည် မူဆယ်မြို့နယ်အတွင်းသို့ ဖြတ်သန်းလာသည်မှာ စဉ်းစားစရာဖြစ်ကြောင်း လည်း ၎င်း က ပြောသည်။

“ စစ်ကား အစီးရေ ၂၀ စီးမှာ စစ်အင်အား ဘယ်လောက်ပါလာလဲတော့မသိဘူး။ ရွေးကောက်ပွဲလည်း နီးပြီဆိုတော့ စိုးရိမ်စရာတော့ ဖြစ်တာပေါ့” ဟု မူဆယ်ဒေသခံ တဦးက ပြောသည်။

မူဆယ်ခရိုင် တာမိုးညဲမြို့နယ် အတွင်းတွင်လည်း အသက် (၆၀) အထက် သက်ကြီးရွယ်အိုများ ကြိုတင်မဲပေးရာတွင် ဖိအားပေးပြီး မိမိဆန္ဒမဲမပေးခဲ့ရကြောင်း လည်း ရှိသည်

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...