တောင်ကြီးမြို့နယ် ကြိုတင်မဲပေးရာတွင် မိမိသဘောဆန္ဒအရ မပေးခဲ့ရ

တောင်ကြီးမြို့နယ် ကြိုတင်မဲပေးရာတွင် မိမိသဘောဆန္ဒအရ မပေးခဲ့ရ

နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် တောင်နီကျေးရွာအုပ်စု နေထိုင်သည့် အသက် (၆၀) အထက်ကြိုတင်မဲ ထည့်ရာတွင် မိမိသဘောဆန္ဒအရ မထည့်ခဲ့ရကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၇ ရက်ထိ မနက် ၈ နာရီ မှ ညနေ ၆ နာရီထိ အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အိုများသည် နိုဝင်ဘာ ၈ ရက် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ကြိုတင်မဲများပေးနေရပြီ ဖြစ်သည်။

“တချို့ ကြိုတင်မဲပေးတဲ့ သက်ကြီးရွယ်အိုတွေက သူ့တို့ ဆန္ဒမဟုတ်တဲ့ ပါတီတွေကို မဲပေးလာရတယ်လို့ ပြောလာကြတယ်။ ကြိုတင်မဲပေးတဲ့အချိန်မှာ မဲရုံမှူးတွေကိုယ်တိုင်က ဖိအားပေးတာကြောင့် တခြားပါတီကို မဲပေးနေရတယ်။ အဲ့ဒေသမှာ အားကောင်းတဲ့ ပါတီကို ပဲ မဲထည့်လိုက်ရတယ်။ ဒါက တော့ မဖြစ်သင့်ဘူး” ဟု တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) မှာ ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ( SNLD) ကိုယ်စားလှယ်လောင်း နန်းယမင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

၎င်းမဲဆန္ဒနယ်တွင် ကြိုတင်မဲပေးနေချိန် ပါတီ အကျီဝတ်ဆင်ခြင်း၊ ပါတီသီချင်းများ ဖွင့်ပြီး မဲဆွယ်ခြင်းများပြုလုပ်နေသည်ကိုတွေ့ရကြောင်းလည်း နန်းယမင်း ကပြောသည်။

“ကြိုတင်မဲပေးတဲ့ချိန်မှာ မဲရုံအနားမှာ ပါတီ အကျီမဝတ်ရဘူး ပါတီ သီချင်းတွေမဖွင့်ရဘူးလို့ ဆိုသော်ညားလည်း ပါတီသီချင်းတွေ မဲဆွယ်တာ ပါတီအကျီဝတ်ပြီး မဲတွေ ကောက်တာတွေကျမတို့ တွေ့ရတယ်။ အဲ့လို ကိစ္စရပ်တွေ ကျမတို့ဆီမှာ ရှိနေပါတယ်။” ဟု နန်းယမင်း ကပြောသည်။

တောင်ကြီးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီစုစုပေါင်း (၁၃) ပါတီ ရှိကြောင်း သိရသည်။

အလားတူ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်မှာလည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီကို ထောက်ခံအားပေးသည့် မဲဆန္ဒရှင် ပြည်သူတစ်ချို့ ပြည်မပါတီမှ ခြိမ်းခြောက်ခြင်းခံရကြောင်း သိရသည်။

သျှမ်းပြည်တွင်ကြိုတင်မဲများထည့်ရာတွင် မိမိသဘောဆန္ဒအရ မထည့်ရဘဲ တဦးတယောက်၏ အမိန့်ဖြင့်သာထည့် နေရကြောင်း စုံစမ်းသိရသည်။

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...