သျှမ်းပြည် တွင် အသက် (၆၀) နှင့်အထက် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ (၈၀၀၀) ကျော်ဆုံးရှုံး

သျှမ်းပြည် တွင် အသက် (၆၀) နှင့်အထက် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ (၈၀၀၀) ကျော်ဆုံးရှုံး

သျှမ်းပြည်တွင် အသက် (၆၀) နှင့်အထက် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ လေးသိန်းကျော်ရှိပြီး ရွေးကောက်ပွဲမကျင်းပနိုင်သည့် မိုင်းကိုင်မြို့နယ်တွင် ကြိုတင်မဲပေးပိုင်ခွင့်ရှိသူ အသက် ၆၀ နှင့်အထက် (၈၀၀၀) ကျော်ရှိကြောင်း သျှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးထင်ကျော်ကပြောသည်။

အသက် ၆၀ နှင့်အထက် ကြိုတင်မဲပေးနိုင်သည့်အစီအစဉ်အရ ကိုယ်တိုင်သွားရောက် ကြိုတင်မဲပေးခဲ့သော တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်မှ ဒေါ်ယဉ်ယဉ်က “အရင်က ပါတီတွေ အဲ့လောက်မများဘူး။ အခုက ပါတီတွေ အများကြီးတိုးလာတယ်။ နှာခေါင်း စည်းတပ်ရတယ်။ လက်ဆေးရတယ်။ မျက်မှန်မပါလို့ အိမ်ပြန်ယူရသေးတယ်” ဟု ကြိုတင်မဲပေးခဲ့ရသည့်အတွေ့အကြုံအား ပြန်လည်ပြောပြခဲ့သည်။

ထို့ပြင် အသက်ကြီးလွန်း၍ ကျန်းမာရေးအရ သွားလာရခက်ခဲသည့် အဖိုးအဖွားများအား ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှစ်ဦး၊ ကျန်းမာရေးဝန်ထမ်းတစ်ဦးနှင့် သက်ဆိုင်ရာနယ်မြေမှူးများမှ အိမ်တိုင်ရာရောက် ဆန္ဒမဲကောက်ခံသွားမည်ဖြစ်ပြီး မဲရုံသို့ ကိုယ်တိုင်သွား ရောက်မဲပေးချင်ပါကလည်း မနက် (၈) နာရီ မှ ညနေ (၆) နာရီ မဲရုံကိုဖွင့်လှစ်ကာ မဲပေးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။

မဲရုံများကို ဖွင့်လှစ်ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အညီ စနှစ်တကျလုပ်ဆောင်နေခြင်းဖြစ်ပြီး ကြိုတင်မဲပေးခြင်းကို အောက်တိုဘာ (၂၉) ရက်နေ့က နိုဝင်ဘာ (၅) ရက်အထိ ဆောင်ရွက်သွားဖြစ်ကြောင်း သစ်တောရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်က ပြောသည်။

သျှမ်းပြည်နယ် တစ်ပြည်နယ်လုံးတွင် မဲပေးပိုင်ခွင့် ရှိသူ ၃၅ သိန်းကျော်ခန့်ရှိပြီး မိုင်းကိုင်မြို့နယ်အပါအဝင် မြို့နယ် ရှစ်မြို့နယ်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သဖြင့် လူဦးရေခုနစ်သောင်းခွဲခန့် မဲပေးပိုင်ခွင့်ဆုံးရှုံးသွားနိုင်ကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...