ဟုမ္မလင်းမြို့နယ် ကျားနီပါတီမဲဆွယ်စည်းရုံးရေးမှူး ကို အစိုးရတပ်ကဖမ်းဆီးရိုက်နှက်

ဟုမ္မလင်းမြို့နယ် ကျားနီပါတီမဲဆွယ်စည်းရုံးရေးမှူး ကို အစိုးရတပ်ကဖမ်းဆီးရိုက်နှက်

Nang Seng Nom — စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းအုပ်စုပုံနွဲ့ကျေးရွာ ကျားနီပါတီ စည်းရုံးရေးမှူး ဦးမောင်သိန်းကို အရပ်ဝတ်ဖြင့် အစိုးရတပ်သားများ လာရောက် ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

အောက်တိုဘာ ၂၇ရက် ည ၈နာရီခွဲက ဟုမ္မလင်းမြို့နယ် မိုင်းကိုင်းအုပ်စု ပုံနွဲ့ကျေးရွာ၌ တိုင်းနီ (ရှမ်းနီ) အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ (ကျားနီ) စည်းရုံးရေးမှူး ဦးမောင်သိန်းကို အရပ်ဝတ်ဖြင့် တပ်သားများက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျားနီပါတီ ဥက္ကဌ ဦးဌေးအောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အရပ်ဝတ်နဲ့ တပ်သားတွေက ည ၈နာရီခွဲလောက်မှာ ကျနော်တို့ ရဲ့ ပုံနွဲ့ကျေးရွာ စည်းရုံးရေးမှူးကို အိမ်ပေါ်ကနေ လာပြီးဖမ်းတယ်။ ပါတီကွဲတာခင်ဗျားသိရမယ်ဆိုပြီး ရိုက်နှက် နောက်ပြန်ကြိုးတုတ်ပြီး ဖမ်းခေါ်သွားတယ်” ဟု ဦးဌေးအောင် က ပြန်လည် ပြောပြသည်။

ဖမ်းဆီးခေါ်ဆောင်သွားပြီး တပ်ကုန်းရောက်ချိန်တွင် လူသတ်မှုနှင့် ပတ်သက်ပြီး ထပ်မံစွပ်စွဲကာ ရိုက်နှက်မှုပြုလုပ်ပြီး အတင်းအဓမ္မဝန်ခံခိုင်းကြောင်း၊ ထို့အပြင် ရှမ်းနီ တပ်ဖွဲ့ နှင့် ချိတ်ဆက်မှု ရှိသည်ဟုလည်းစွပ်စွဲပြောဆိုကာ ကျားနီပါတီ နာမည်ပျက်အောင် ပြုလုပ်နေ ကြောင်း ဦးဌေးအောင် က ပြောသည်။

“ တပ်မတော်ကတော့ ဒီလို ရိုက်တာ မလုပ်သင့်ဘူး။ တကယ်ဆိုရင်ဖမ်းတာ ရဲရှိရမယ်။ ဖမ်းဝရမ်းပါရမယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးပါရမယ်။ အခု က ဘာမှ မပါဘဲ အိမ်ကို ဝင်စီး၊ အကြမ်းဖက်ပြီး လူကို ဖမ်းတာပါ” ဟု ဦးဌေးအောင်က ဆိုသည်။

ယခုကဲ့သို့ မဲဆွယ်စည်းရုံးရေးမှူးကို ဖမ်းဆီးရိုက်နှက်စွပ်စွဲခြင်းသည် ကျားနီပါတီ နာမည်ပျက်အောင်ပြုလုပ်နေခြင်းဖြစ်ပြီး၊ ကျားနီကို ထောက်ခံ သည့် ပြည်သူများအား မဲမပေးရဲအောင် ခြောက်လှန့်နေသည့်သဘောဖြစ်ကြောင်း သူက ပြောသည်။

လက်ရှိမှာ ဦးမောင်သိန်းကို ဟုမ္မလင်းမြို့နယ် နတ်တော ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်းထားကြောင်း၊ ဦးမောင်သိန်း ပြန်လွှတ်ပေးရန် အတွက် ကြိုးစားနေကြကြောင်းလည်း သိရသည်။

ကျားနီပါတီသည် လာမည့် ၂၀၂၀ ပါတီစုံ ရွေးကောက်ပွဲတွင်စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၀ နေရာ၊ ကချင်ပြည်နယ်တွင် ၃၁ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသိရသည်။

 

May 18, 2026
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာ အနီးတွင် လက်နက်ကြီး ပစ်ခတ်သံများ...
May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...