ကယားပြည်နယ်အစိုးရ အမိန့်စာအားလုံး ၁၅ ရက် ထပ်တိုး

ကယားပြည်နယ်အစိုးရ အမိန့်စာအားလုံး ၁၅ ရက် ထပ်တိုး

ကယားပြည်နယ်အစိုးရအဖွဲ့က ဧပြီလ (၃၀)ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ အမိန့်ကြေညာစာအားလုံးကို မေလ(၁၅)ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

COVID-19 ရောဂါ ကာကွယ်ရေး အများပြည်သူ သိရှိလိုက်နာရန် အမိန့်ကြေညာစာအားလုံးကို သက်မှတ်ကာလ တိုးမြှင့်လိုက်တာဖြစ်ပြီး ဧပြီ ၂၇ ရက်စွဲနဲ့ ပြည်နယ်အစိုးရအဖွဲ့ရုံးက တရားဝင် ကြေညာလိုက်ပါတယ်။

ပြည်နယ်အတွင်းမှာရှိတဲ့ ဌာနအဖွဲ့အစည်း၊ လုပ်ငန်းရှင်၊ အများပြည်သူတို့အနေနဲ့ လူစုလူဝေးဖြင့် လုပ်ဆောင်ရတဲ့ အခမ်းအနားအားလုံး၊ သင်တန်းအားလုံးကို ဧပြီလကုန်ထိ မဖွင့်လှစ်ဖို့ မတ်လ ၂၂ရက်နေ့မှာ ထုတ်ပြန်ထားခဲ့ပါတယ်။

ဒါ့အပြင် နေ့စဉ် ဖွင့်လှစ်ရောင်းချနေတဲ့ ဈေးအားလုံးကိုလည်း တစ်ပတ်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေ  သုံးရက်သာ ပြောင်းလဲဖွင့်လှစ်ထားပြီးဖြစ်သလို နောက်လ (၁၅)ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ထားပါတယ်။

ပြည်တွင်း ပြည်ပ ခရီးသွားအဝင်အထွက် များပြားပြီး လူစုလူဝေးများတဲ့ လွိုင်ကော်မြို့နယ်ထဲက ထီးစဲခါး ရေတံခွန်၊ ကြတ်ဂူ၊ ဒီမော့ဆိုမြို့နယ်ထဲက ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပက်ကျေးရွာ၊ တနီးလာလဲ၊ ကွိုင်ငံ၊ ဖရူဆိုမြို့နယ်ထဲက ထီးပရူနူဂူ၊ ဆင်ဖြူတောင် စတဲ့နေရာတွေကိုလည်း အလားတူ တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ ကြေညာချက်အရ သိရပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...