ညမထွက်ရ အမိန့် မလိုက်နာသူများ ထောင်ဒဏ်တစ်လ ချမှတ်ခံရ

ညမထွက်ရ အမိန့် မလိုက်နာသူများ ထောင်ဒဏ်တစ်လ ချမှတ်ခံရ

ကယားပြည်နယ်ရှိ မြို့နယ်များတွင် ညမထွက်ရ အမိန့် ပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်ထားသော်လည်း ဒီမော့ဆိုမြို့နယ်က အမိန့် လိုက်နာရန် ပျက်ကွက်သူများကို အလုပ်မဲ့ ထောင်ဒဏ် တစ်လ ဒီမော့ဆိုတရားရုံးက ဧပြီလ ၂၄ရက်နေ့မှာ ချမှတ်လိုက်ပါတယ်။

ဧပြီလ ၂၃ရက်ညအချိန်မှာ ဒီမော့ဆိုမြို့နယ် ရပ်ကွက်အတွင်း မော်တော်ယာဉ်လှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် ငွေတောင်ကျေးရွာရှိ ဘေးလမ်းမှာ ဒီမော့ဆိုမြို့နယ် ဒေါငံရောက်ကျေးရွာနေထိုင်သူ (၃)ဦး နဲ့ ဒေါဘူးငံရယ်ကျေးရွာနေထိုင်သူ ၂ ဦး စုစုပေါင်း ၅ ဦးတို့က နေ့စဉ် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရန် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့အမိန့်ကို လိုက်နာခြင်းမရှိဘဲ သွားလာနေတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ကယားပြည်နယ်အစိုးရရုံးဖေ့စ်ဘွတ်ခ်ပေ့ချ်မှာ ဖော်ပြထားပါတယ်။

ဒီမော့ဆိုမြို့နယ်အုပ်ချုပ်ရေးမှူးမှ တရားလိုပြုလုပ်ပြီး တိုင်တန်းခဲ့ရာ မြို့နယ်တရားရုံးမှ ၎င်းတို့ ၅ ဦးအနက် ၄ဦးကို ရာကြီးအမှတ် ၁၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၁၈၈ ဖြင့် အမှုလက်ခံစစ်ဆေးခဲ့ပြီး အလုပ်မဲ့ထောင်ဒဏ် တစ်လစီချမှတ်ခဲ့ပြီး ကျန်တစ်ဦးကို ကလေးသူငယ်ရာကြီးအမှတ် ၄/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ-၁၈၈ဖြင့် အမှုလက်ခံစစ်ဆေးခဲ့ပြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပုဒ်မ-၈၉(က)အရ ဆိုဆုံးမ၍ လွှတ်မိန့် ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီလ ၂၃ရက်နေ့ကလည်း လွိုင်ကော်မြို့မှာလည်း ညမထွက်ရအမိန့် ပျက်ကွက်သူတစ်ဦးကို လွိုင်ကော်မြို့နယ်တရားရုံးက  အလုပ်မဲ့ထောင်ဒဏ် တစ်လ ကျခံစေရန် အမိန့်ချမှတ်လိုက်တဲ့ ဖြစ်စဉ်လည်းရှိခဲ့ပါတယ်။

June 20, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက တောင်ယာခင်းထဲ သွားလာကြတဲ့ တောင်သူတွေကို...
June 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ စစ်ရှောင်စခန်းတနေရာက စာသင်ကျောင်းမှာ...
June 18, 2026
ကရင်နီပြည်အတွင်း ငှက်ဖျားရောဂါ လျှော့ချပပျောက်ရေးလုပ်ငန်းတွေကို ၂၀၂၀ ခုနှစ်မှာ...
June 17, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါ...