ကပ်ရောဂါဖြစ်ပွားချိန် တိုင်းရင်းသားဒေသအတွင်း တိုက်ပွဲများ ရပ်တန့်ပေးရန် WLB တောင်းဆို

ကပ်ရောဂါဖြစ်ပွားချိန် တိုင်းရင်းသားဒေသအတွင်း တိုက်ပွဲများ ရပ်တန့်ပေးရန် WLB တောင်းဆို

နန်းဝေဖြိုးဇာ — Covid-19 ကူးစက်မြန်ရောဂါကြောင့် တစ်ကမ္ဘာလုံး စိုးရိမ်တုန်လှုပ်နေချိန် မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများတွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား တိုက်ပွဲ ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)-WLB က သဘောထားကြေညာချက် ထုတ်ပြန် တိုက်တွန်းလိုက်သည်။

Covid -19 ရောဂါ ရင်ဆိုင်ကြုံတွေ့နေရသည့်ကာလတွင် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲထိုးစစ်ဆင်မှုမြင့်တက်လာသည့်အတွက် ပြည်သူများအိုးအိမ်စွန့်ခွာရပြီး စစ်ပြေး ရှောင် ဒုက္ခသည် ဦးရေလည်းတိုးပွားလာမှုများအပေါ် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)က ဧပြီလ ၉ရက် နေ့တွင် ယခုလို ထုတ်ပြန်ချက်ထုတ်ပြီး တောင်းဆိုလိုက်ခြင်းဖြစ်သည်။

WLB အထွေထွေအတွင်းရေးမှူး နော်ဆဲဆဲက “လက်ရှိတချို့တိုင်းရင်းသားလက်နက်ကိုင်ဒေသမှာ စစ်ပြေး ရှောင်တွေ တဖြည်းဖြည်းများလာတယ်။ တချို့က အပြင်ထွက်လုပ်ကိုင်စား သောက်ဖို့လည်းရောဂါကြောင့် အလုပ်တွေပိတ်၊ လမ်းတွေပိတ်တော့ သူတို့မှာ ဘာမှလုပ်လို့မရတော့ဘူး။ ထောက်ပံ့မှှုတွေမရှိဘဲ ဒီအတိုင်း ဆက်သွားရင်အစာငတ်ပြတ်တဲ့ ဒဏ်ခံစားနေရမှာစိုးရိမ်လို့ တိုက်ပွဲတွေရပ်ပြီး နိုင်ငံတော်အစိုးရက သူတို့ကို ထောက်ပံ့ကူညီဖို့ ကျမတို့ WLBက လိုလားပြီးတောင်းဆိုလိုက်တာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

၂၀၁၉ ခုနှစ်မှ ၂၀၂၀ ခုနှစ် မတ်လ၂၃ရက်အထိ တိုင်းရင်းသားဒေသများတွင် အိုးအိမ်စွန့်ခွာနေရသည့် စစ်ေြ ပး ရှောင်ဦးရေမှာ ကရင်ပြည်နယ်တွင် ၂၀,၀၀(နှစ်ထောင်)ကျော်၊ ရခိုင်ပြည်နယ်နှင့် ထိစပ်သည့် ချင်းပြည်နယ် တောင်ပိုင်းတွင် ၃,၀၀၀(သုံးထောင်)ကျော်၊ ရခိုင်ပြည်နယ်တွင် ၁၅၀,၀၀၀(တစ်သိန်းငါးသောင်း)ကျော်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၇,၀၀၀(ခုနှစ်ထောင်)ကျော်အထိ တိုးလာသည်ဟု WLB သဘောထား ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

WLB ထုတ်ပြန်ချက်တွင် တိုက်ပွဲများရပ်ပေးရေး၊ တပ်မတော်တပ်စခန်းများပြန်ရုပ်သိမ်းရေး၊ တိုက်ပွဲကြောင့် ထိခိုက်ပျက်စီးဆုံးရှံှုးမှှုများကို တပ်မတော်နှင့် တာဝန်ရှိသူများမှ တာဝန်ယူ ကူညီပေးရေး ၊ ပိတ်ထားသည့် ဆက် သွယ်ရေးလိုင်းများပြန်လည်ဖွင့်လှစ်ပေးရေးနှင့် တက်ကြွလှှုပ်ရှားသူများ၊ အပြစ်မဲ့ရွာသားများအားဖမ်း ဆီးခြင်း များကို ရပ်တန့်ပေးရေးစသည့်အချက်များကို တောင်းဆိုထားသည်။

ထို့အပြင် အစိုးရအနေဖြင့် Covid 19နှင့် ပတ်သက်၍ ပြည်သူများ၏အခြေခံလိုအပ်ချက်များဖြည့်ဆည်းပေးရေး Covid -19 ကာလအမျိုးသမီးနှင့်ကလေးငယ်များအတွက် အကာအကွယ်ပေးမှှုကို ထိရောက်စွာ လုပ်ဆောင် ပေးရေးနှင့်ထောက်ပံ့ပေးရေးအပြင် စစ်ပွဲများရပ်တန့်ပေးပြီး Covid-19 ရောဂါ ကာကွယ်နိုင်ရေးအတွက် ပညာပေး အစီအစဉ်များကို အမြန်ဆုံး ဆောင်ရွက်ပေးရေး စသည့်အချက်များကိုလည်း ထုတ်ပြန်ချက် တွင်ထည့်သွင်း တောင်းဆိုထားသည်။

သဘောထားကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုမှုများပြုလုပ်လိုက်သည့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာ နိုင်ငံ)- WLB အနေဖြင့် ငြိမ်းချမ်း၍ တရားမျှတသည့် လူ့ဘောင်အဖွဲ့အစည်းသို့ ရှေးရှှုပြီး အမျိုးသမီးများဘဝ အဆင့်အတန်းမြင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

ပုံစာ

Photo: Naw Hser Hser FB

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...