အစိုးရလက်လှမ်းမမီတဲ့ ဒေသများ ကိုရိုနာဗိုင်းရပ်(စ်) ကာကွယ်ရေး လူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပူးပေါင်းလုပ်ဆောင်

အစိုးရလက်လှမ်းမမီတဲ့ ဒေသများ ကိုရိုနာဗိုင်းရပ်(စ်) ကာကွယ်ရေး လူထုနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ပူးပေါင်းလုပ်ဆောင်
ဓါတ်ပုံ – Kayan Women’s Organization Facebook
ဓါတ်ပုံ – Kayan Women’s Organization Facebook

နေရပ်ပြန်သူတွေ ကိုရိုနာဗိုင်းရပ်(စ်)ရောဂါကူးစက်ခံရမှုရှိမရှိ စောင့်ကြည့်ရေးလုပ်ငန်းတွေကို အစိုးရလက်လှမ်းမမှီတဲ့ ဒေသတွေဘက်မှာ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုအဖွဲ့တွေနဲ့ ပြည်သူလူထုတွေက ပူးပေါင်းဆောင်ရွက်နေကြတယ်လို့ ကယန်းပြည်သစ်ပါတီ စစ်ရေးချုပ် ဦးအောင်မင်းက ပြောပါတယ်။

အစိုးရအဖွဲ့အစည်းတွေအနေနဲ့လက်လှမ်းမမှီနိုင်တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နယ်စပ်ရှိ ကယန်းဒေသဖြစ်တဲ့ ပီကင်း၊ ဆီးပူး၊ လိပ်သိုဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ ကယန်းပြည်သစ်ပါတီနဲ့ လူထုတွေကနေ ပူးပေါင်းဆာင်ရွက်နေတာတွေရှိတယ်လို ဆိုပါတယ်။

“ ဒီအစိုးရအဖွဲ့ကတော့ သူတို့လုပ်နိုင်တဲ့အပိုင်း လုပ်တယ်ဆိုတာက ကျတော်တို့ဖယ်ခုံမြို့နယ်က ကျတော်တို့အစိုးရတွေလက်လှမ်း နည်းနည်းဝေးတယ်ဗျ ကျတော်တို့ဒီ ပီကင်းဒေသတွေ၊ ဆီးပူး ဒေသ၊ ကယောဒေသမှာ သူတို့လက်လှမ်းနည်းနည်းဝေးတဲ့အချိန်ကျ သူတို့ရဲ့ညွှန်ကြားမှုစီမံခံခွဲမှုက နည်းနည်းနှောက်နှေးတယ် ဝေးလဲဝေးတဲ့ အတွက်ကြောင့်ကျတော်တို့ကိုယ်ပိုင်အသိနဲ့ ကျတော်တို့အဓိက ကယန်းပြည်သစ်ပါတီအနေနဲ့ပြည်သူလူထုနဲ့ လက်တွဲပြီးအဓိက ကျတော်တို့လုပ်တာများတယ်။” လို့ ဦးအောင်မင်းက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

ကယန်းပြည်သစ်ပါတီ၊ ကယန်းအမျိုးသားကျန်းမာရေးကော်မတီမှ Covid-19 စစ်ဆေး စမ်းသပ်ရေးဂိတ်တွေကတော့ ဗဟိုစစ်ဆေးရေးဂိတ်၊ ကဖုစစ်ဆေးရေးဂိတ်၊ ပျဉ်းမနားမြို့နယ်(နေပြည်တော်ကောင်စီနယ်မြေ) ရေပူလမ်းစုံစစ်ဆေးရေးဂိတ်၊ တောင်စလုံးစစ်ဆေးရေးဂိတ်၊ လေဒူခေါင်ဖုန်းဆိုး စစ်ဆေးရေးဂိတ်၊ မောင်ဘလော့စစ်ဆေးရေးဂိတ် တွေမှာ ထားရှိစစ်ဆေးနေတာဖြစ်ပါတယ်။

၎င်းစစ်ဆေးရေး ဂိတ်တွေမှ သံသယလူနာတွေကို အစိုးရဆေးရုံများသို့လွဲပြောင်းခြင်း လုပ်ငန်းတွေကို လုပ်ဆောင်နေတယ်လို့သိရပါတယ်။

Covid-19 ရောဂါကာကွယ်ဖို့အတွက်လဲ အစိုးရအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေတာတွေ ရှိတယ်လို့ ကယန်းပြည်သစ်ပါတီ စစ်ရေးချုပ် ဦးအောင်မင်းက ဆက်ပြောပါတယ်။

“ကျတော်တို့ဒီအစိုးရ အုပ်ချုပ်ရေးအဖွဲ့နဲ့ကျတော်တို့ဒီအဖွဲ့အစည်းရဲ့ ကျတော်တို့ရဲ့မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းပြီးကျေးရွာတိုင်း ကျတော်တို့လက်ကမ်းစာစောင်တွေဝေ နောက်ကျတော်တို့အသိပညာဟောပြောပွဲတွေလဲ ကျတော်တို့အကုန်လုံးလုပ်ထားတယ်။” လို့ဆိုပါတယ်။

ကယန်းဒေသဘက်မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း ကိုရိုနာဗိုင်းရပ်(စ်)ကူးစက်မှု ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို တစ်ဖက်တစ်လမ်း ဆောင်ရွက်နေတာလည်းရှိတယ်လို့ ကယန်းအမျိုးသမီးအဖွဲ့အထွေထွေ အတွင်းရင်းမှူး မူလားကော်ရင်းတီက ပြောပါတယ်။

၎င်းက “ အဓိက ခါကျတော့ ဒီဂိတ်တွေမှာလေ စစ်ဆေးတဲ့ဟာမျိုးတွေဆို လိုက်ကူညီဖြစ်တယ် လက်ရှိမှာတော့ ပြီးတော့ အခုနက ပြောသလိုဘဲ အဓိက ကယန်းဒေသတွေမှာပေါ့လေနော် ဘယ်အဖွဲ့အစည်းမှ မဝင်သေးတဲ့ ကယန်းဒေသတွေမှာ ကျမတို့ ဒီကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီးတော့ အသံဖိုင်လေးတွေ၊ ဗီနိုင်းလေးတွေ၊ ဘန်းဖလက်လေးတွေလိုက်ဝေတယ်၊ ပြီးတော့ ဆပ်ပြာခဲလေးတွေလိုက်ဝေဖြစ်တယ်။” လို့ ပြောပါတယ်။

ကယားပြည်နယ်အတွင်းမှာ လွိုင်ကော်ဆေးရုံ၊ ဒီးမော့ဆိုဆေးရုံ၊ ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံဆေးရုံ၊ ဖယ်ခုံမြို့နယ် ဆီးပူးဆေးရုံနဲ့ ကရင်ပြည်နယ် သံတောင်မြို့နယ် လိပ်သိုလ်ဆေးရုံတွေမှာလဲ Covid-19 ကာကွယ်တိုက်ဖျက်ရေးအတွက် ကျပ်၂၂၅သိန်းဖိုး ဆေးပစ္စည်းတွေကို ကယန်းပြည်သစ်ပါတီမှ သွားရောက် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...