ကယားပြည်နယ်တွင် COVID-19 ရောဂါ သံသယလူနာအားလုံး ရောဂါပိုး မတွေ့

ကယားပြည်နယ်တွင် COVID-19 ရောဂါ သံသယလူနာအားလုံး ရောဂါပိုး မတွေ့

ကယားပြည်နယ်တွင် COVID-19 ရောဂါ သံသယဖြင့် ဆေးရုံများ၌  စောင့်ကြည့်လျက်ရှိသော သံသယလူနာအားလုံး ရောဂါပိုး မတွေ့ရှိရကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ရုံးက ဧပြီ ၁ ရက်နေ့ နံနက် ၁၀ နာရီ နောက်ဆုံးရ အခြေအနေကို အတည်ပြု ထုတ်ပြန်လိုက်သည်။

သံသယလူနာ စုစုပေါင်း ၂၄ ဦးအထိ ရှိခဲ့သော်လည်း ရောဂါပိုး တွေ့ရှိသူ  တစ်ဦးတစ်ယောက်မျှမရှိကြောင်း ဓာတ်ခွဲစစ်ဆေးမှုများအရ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

ရောဂါပိုးမတွေ့ရှိသော်လည်း ကျန်ရှိ သံသယလူနာ ၁၆ ဦးကို ဆက်လက် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် COVID-19 ရောဂါ သံသယလူနာ ၂၄ ဦးထဲတွင် ၈ ဦးမှာ ပိုးမတွေ့ရှိရဘဲ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခဲ့ပြီး ဖြစ်သည်။

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...