ကယားပြည်နယ်တွင် COVID-19 ရောဂါ သံသယလူနာအားလုံး ရောဂါပိုး မတွေ့

ကယားပြည်နယ်တွင် COVID-19 ရောဂါ သံသယလူနာအားလုံး ရောဂါပိုး မတွေ့

ကယားပြည်နယ်တွင် COVID-19 ရောဂါ သံသယဖြင့် ဆေးရုံများ၌  စောင့်ကြည့်လျက်ရှိသော သံသယလူနာအားလုံး ရောဂါပိုး မတွေ့ရှိရကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ရုံးက ဧပြီ ၁ ရက်နေ့ နံနက် ၁၀ နာရီ နောက်ဆုံးရ အခြေအနေကို အတည်ပြု ထုတ်ပြန်လိုက်သည်။

သံသယလူနာ စုစုပေါင်း ၂၄ ဦးအထိ ရှိခဲ့သော်လည်း ရောဂါပိုး တွေ့ရှိသူ  တစ်ဦးတစ်ယောက်မျှမရှိကြောင်း ဓာတ်ခွဲစစ်ဆေးမှုများအရ အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

ရောဂါပိုးမတွေ့ရှိသော်လည်း ကျန်ရှိ သံသယလူနာ ၁၆ ဦးကို ဆက်လက် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် COVID-19 ရောဂါ သံသယလူနာ ၂၄ ဦးထဲတွင် ၈ ဦးမှာ ပိုးမတွေ့ရှိရဘဲ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခဲ့ပြီး ဖြစ်သည်။

Most read this week

September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...
လွိုင်ကော်မြို့ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွင် လာရောက်လျှောက်ထားသူများကို ၂၀၂၂ ခုနှစ်က တွေ့ရစဉ် / ပုံဟောင်း
September 3, 2026
စစ်အုပ်စုတပ် ထိန်းချုပ်ထားသည့် ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် နိုင်ငံကူးလက်မှတ် (Passport)...
September 2, 2026
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးကာလတွင် ဖွဲ့စည်းခဲ့သည့် ကရင်နီအမျိုးသား...